ဂျပန်နိုင်ငံ၏ နိပွန်ဖောင်ဒေးရှင်း က ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအား ဒေါ်လာ ၃ သန်း တန်ဖိုးရှိ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးမည်

ဂျပန်နိုင်ငံ၏ နိပွန်ဖောင်ဒေးရှင်း က ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအား ဒေါ်လာ ၃ သန်း တန်ဖိုးရှိ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးမည်
Published 2 April 2025

ဂျပန်နိုင်ငံ၏ နိပွန်ဖောင်ဒေးရှင်းက ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအား ဒေါ်လာ ၃ သန်း တန်ဖိုးရှိ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးမည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

အရေးပေါ်အကူအညီများအဖြစ် ငလျင်ကြောင့် ထိခိုက်ပျက်စီးသည့်နေရာဒေသများသို့ အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်သည့် ပစ္စည်းများအပါအဝင် ဒေါ်လာ ၃ သန်းတန်ဖိုးရှိသည့် အကူအညီများပေးအပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ နိပွန်ဖောင်ဒေးရှင်း မြန်မာဆက်ဆံရေးရုံး၏ အဓိကဆောင်ရွက်ချက်ဖြင့် အကူအညီများ ပေးပို့ရမည့်နေရာဒေသများကို ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြေပြင်လိုအပ်ချက်နှင့်အညီ အကူအညီများကို အလျင်အမြန်ပေးပို့သွားမည်ဟု ဆိုသည်။

"မြန်မာနိုင်ငံနှင့်အနီးတစ်ဝိုက်ဒေသတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ အနာကြီးရောဂါပပျောက်ရေး အစီအစဉ်တွေနဲ့အစပြုပြီး နိုင်ငံအတွင်း နှစ်ပေါင်း (၅၀) ခန့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ပညာရေး၊ ဝန်ထမ်းဖလှယ်ရေးနဲ့ မသန်စွမ်းသူတွေအတွက် ပံ့ပိုးကူညီမှု အပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးမှာ ကူညီထောက်ပံ့ပေးခဲ့ပါတယ်" ဟု နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ အထူးသံတမန်ဖြစ်သူ ယိုဟယ် ဆာဆာကာဝါက ပြောကြားခဲ့သည်။

မိမိအနေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွှု် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ ဧပြီ ၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်းနှင့် အကူအညီများပို့ဆောင်နိုင်မည့်နေရာများနှင့် အခြေအနေများကို လေ့လာကြည့်ရှုမည်ဖြစ်ကြောင်းလည်း ဆာဆာကာဝါက ပြောကြားခဲ့သည်။

Ref: Nippon Foundation

Most Read

Most Recent