အီလွန်မာ့စ်၏ Space X  ကုမ္ပဏီက ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို Starlink ပစ္စည်းများထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာ

အီလွန်မာ့စ်၏ Space X  ကုမ္ပဏီက ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို Starlink ပစ္စည်းများထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာ
Published 30 March 2025

အီလွန်မာ့စ်၏ Space X ကုမ္ပဏီက မကြာသေးမီက အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် Starlink ပစ္စည်းများ ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။

မြန်မာနှင့်ထိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် လိုအပ်ချက်များ ရှိနေချိန်တွင် Space X ကုမ္ပဏီက ထိုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ အစီအစဉ် အကောင်အထည် ပေါ်ပေါက်လာရေးသည် အစိုးရဆိုင်ရာ ခွင့်ပြုချက်များ ရရှိမှုအပေါ်တွင် မူတည်ကြောင်းလည်း Space X က ထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူများ မြင့်တက်နေသည့် သတင်းများကို ကြားသိရသည်မှာ စိတ်ထိခိုက်စရာကောင်းကြောင်း Space X သည် ဆယ်သွယ်ရေး လိုအပ်ချက်များနှင့် ကယ် ဆယ်ရေးအားထုတ်ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေရန် Starlink kit များကို ထောက်ပံ့ပေးရန် ပြင်ဆင်နေကြောင်းနှင့် အစိုးရခွင့်ပြုချက်များရရှိရန် စောင့်ဆိုင်းနေကြောင်း Starlink ၏ တရားဝင် X လူမှုမီဒီ ယာတွင် ရေးသားဖော်ပြထားသည်။

Ref:Tech in Asia

                                      

Most Read

Most Recent