အမေရိကန်ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန် အမိန့်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့ပြီး ပညာရေး လုပ်ပိုင်ခွင့်အာဏာကို ပြည်နယ်အစိုးရများထံ ပြန်လည် အပ်နှင်းမည်

အမေရိကန်ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန် အမိန့်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့ပြီး ပညာရေး လုပ်ပိုင်ခွင့်အာဏာကို ပြည်နယ်အစိုးရများထံ ပြန်လည် အပ်နှင်းမည်
Published 21 March 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန် ရည်ရွယ်သော အမိန့်ကို မတ်လ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်သော အမေရိကန်လူ့အခွင့်အရေး ရည်မှန်းချက်ဖြစ်သည့်  ပညာရေးဝန်ကြီးဌာနကို ဖက်ဒရယ် အစိုးရထိန်းချုပ်မှုအောက်မှ ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ပညာရေးကို အမေရိကန်ပြည်နယ် အစိုးရများက ကိုင်တွယ်ရန် သမ္မတဒေါ် နယ်ထရန့်က ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

အိမ်ဖြူတော်၏ အရှေ့ဘက်ခန်းမထဲတွင် ချထားသော စားပွဲခုံများ၌ ထိုင်နေသော ကျောင်းသား ကျောင်းသူမျာ ဝန်းရံလျက်  ထရန့်က အထူးအခမ်းအနားတွင် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယင်းအမိန့်ကို ကိုင်မြှောက်ပြကာ ပြုံးနေခဲ့သည်။

အမိန့်က ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနအား တစ်ခါတည်း ဖျက်သိမ်းခြင်းကို စတင်မည်ဟု ထရန့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနကို ပိတ်တော့မှာပါ။ တတ်နိုင်သမျှ မြန်မြန် ပိတ်တော့မှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီး ဌာနက ကျွန်တော်တို့အတွက် မကောင်းပါ ဘူး။ ကျွန်တော်တို့က ပညာရေးကို ပြည်နယ်တွေထံ ပြန်ပေးသွားမှာဖြစ်ပါတယ်။ ပညာရေးကို ပြည်နယ်တွေက ပိုင်ဆိုင်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

ဝေါစထရိဂျာနယ်က မတ်လ ၅ ရက်တွင် ပျံ့နှံ့လာသော သမ္မတအမိန့် မူကြမ်းကို ကိုးကားဖော်ပြခဲ့ရာ၌ ဥပဒေကခွင့်ပြု ထားသည့် ဆီလျော်မှုရှိသော အမြင့်ဆုံးအတိုင်းအတာကို အခြေခံပြီး ပညာရေးဝန်ကြီးဌာနကို ပိတ်ရန် လိုအပ်သောအဆင့် အားလုံးချမှတ်ရေးအတွက် ပညာရေးဝန်ကြီး လင်ဒါမက်မာဟွန်းကို ညွှန်ကြားထားသည်ဟု ထိုစဉ်က သမ္မတအမိန့်မူကြမ်းတွင် ဖော်ပြထားသည်။

ထရန့်က မဲဆွယ်စည်းရုံးချိန်တုန်းက ပညာရေးကို ဗဟိုချုပ်ကိုင်မှု ကင်းလွတ်စေရန် ဆောင်ရွက်မည်ဟု ကတိပေးခဲ့ပြီး ပညာရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့် အာဏာများကို ပြည်နယ်အစိုးရများ (state governmaents) ထံသို့ လွှဲပြောင်းပေးမည်ဟု ပြောကြား ထားသည်။

၁၉၇၉ ခုနှစ်တွင် သမ္မတဟောင်း ဂျင်မီကာတာလက်ထက်၌  ထူထောင်ခဲ့သော  ပညာရေးဝန်ကြီးဌာနကို ဆီးနိတ်ထောက်ခံမဲ ၆၀ ဖြင့် ကွန်ဂရက်က အတည်မပြုလျှင် ဥပဒေအရ မပိတ်နိုင်သော်လည်း ထရန့်၏အမိန့်က ပညာရေးဝန်ကြီးဌာန၏ ရန်ပုံငွေကို ဖြတ်တောက်ခြင်းနှင့် ဝန်ထမ်းလျှော့ချခြင်းတို့ကို လုပ်ဆောင်ရန် အခွင့်အာဏာရှိနိုင်သည်။

အမိန့်ကြောင့် ပညာရေးဝန်ကြီး လင်ဒါမက်မာဟွန်းက ပညာရေးဝန်ကြီးဌာနကို ပိတ်ရန်နှင့် ပညာရေး လုပ်ကိုင်ခွင့်အာဏာကို ပြည်နယ်အစိုးရများထံ ပြန်ပေးရန် အထောက်အကူဖြစ်စေမည့် လိုအပ်သည့်အဆင့်များ အားလုံးကို ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ဒီမိုကရက်များနှင့် ကျောင်းဆရာများက ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းခြင်း အားဝေဖန်ရှုတ်ချခဲ့ကြသည်။ဆီးနိတ်ထဲက ထိပ်တန်းဒီမိုကရက်တစ်ဦးဖြစ်သော ချက်ရှူးမားက ယခုလုပ်ရပ်သည် အာဏာရှင်ဆန် သော အာဏာဆုပ်ကိုင်မှု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဒေါ်နယ်ထရန့် လုပ်ဆောင်သည့် ဖျက်အားအပြင်းဆုံး၊ ထိခိုက်မှုအကြီးဆုံးအဆင့်များဟု ပြောကြားခဲ့သည်။

Ref:AFP

         

                            

Most Read

Most Recent