အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို ထောက်လှမ်းရေးသတင်းများ ပေးနေခြင်းကို ဆိုင်းငံ့မည်ဟု ဖေဖော်ဝါရီ ၅ ရက်အစောပိုင်းတွင် ထရန့်အစိုးရအဖွဲ့ကကြေညာခဲ့သည်။
ယူကရိန်းထံပေးနေသော စစ်ရေးအကူအညီများကို ဆိုင်ငံ့ကြောင်းကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အမေရိကန်က ယူကရိန်းကို ထောက်လှမ်းရေးသမားများ ပေးနေခြင်းအား ရပ်ဆိုင်းထာမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
ယင်းသို့ စစ်ရေးအကူအညီများရပ်ဆိုင်းထားခြင်းနှင့် ထောက်လှမ်းရေးသတင်းများ ပေးနေခြင်းကို ဆိုင်းငံ့ခြင်းတို့က ယူကရိန်းအနေဖြင့် ရုရှားအတွက် အခွင့်အလမ်းသာသော သို့မဟုတ် အမေရိကန်အကူအညီကို လုံးလုံးဆုံးရှုံးမည့် အန္တရာယ်ရှိနေသော သဘောတူညီချက်များဖြင့် ငြိမ်းချမ်းရေးစာချုပ်ကို အတင်းအကျပ်လက်မှတ်ထိုးရနိုင်သည့် အနေအထားအပေါ် ယူကရိန်းတွင် လည်းကောင်း၊ ဥရောပတွင်လည်းကောင်း စိုးရိမ်မှုများရှိနေသည်။
“ကျွန်တော်တို့အားလုံးက ကျွန်တော်တို့ရဲ့ပြည်သူအားလုံးအတွက် ဘေးကင်းတဲ့ အနာဂတ်ကို အလိုရှိတာပါ။ ယာယီအပစ် အခတ်ရပ်စဲတာမျိုးကို မလိုချင်ပါဘူး။ စစ်ပွဲ တစ်ခါတည်းပြိီးသွားတာကို အလိုရှိတာပါ။ အမေရိကန်ခေါင်းဆောင်ပိုင်းနဲ့ကျွန်တော်တို့ရဲ့ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့အတူ ဒါဟာ လုံးဝအောင်မြင်မှုရနိုင်ပါတယ်” ဟု ဂျာမနီဝန်ကြီးချုပ်အိုလက်ဖ်ရှိုးလ်နှင့်ဖုန်းစကားပြောခဲ့ပြီးနောက် ဇယ်လန်းစကီးက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။