■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 28 February 2025

■ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ - ကာဒစ်ဖ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂:၃၀ နာရီ)

အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာ မာကိုအဆန်စီယိုရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရခဲ့ပြီးနောက်၊ နောက်ဆုံးပွဲမှာတော့ မထင်မှတ်ဘဲ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ ဒီရာသီ FA ဖလားပြိုင်ပွဲမှာ အက်စတွန်ဗီလာက (၂) ပွဲကစားထားပြီး ပွဲကျပ်ခဲ့တယ်။ နှစ်ပွဲစလုံး ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့ ဆုံတွေ့ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ စပါးတို့ကို ကျော်ဖြတ်ပြီး ဒီအဆင့်ကိုတက်လာခြင်းဖြစ်တယ်။ ဗီ လာက ပဲလေ့စ်ကို ရှုံးခဲ့တယ်ဆိုရင်တောင် ပြိုင်ပွဲစုံမှာ နောက်ဆုံး (၁၄) ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိကစားထားတဲ့အသင်းဖြစ်သလို၊ ပုံမှန်အားဖြင့် တိုက်စစ်အားကောင်းတဲ့အသင်းလည်းဖြစ်တယ်။ ကာဒစ်ဇ်က လိဂ်ချန်ပီယံရှစ်မှာ ဇယားအောက်ပိုင်းကို ရောက်နေပြီး ဒီပွဲလည်း ဗီလာအတွက်ပဲ ဖြစ်လိမ့်မယ်။ 

■  လာလီဂါပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 

ဗယ်လာဒိုလစ် - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂:၃၀ နာရီ)

ဗယ်လာဒိုလစ်က ဇယားအောက်ဆုံးကလွတ်အောင် ရုန်းနေရင်းပဲ ရှုံးပွဲတွေများလာတယ်။ ဒီတစ်ပွဲတော့ အိမ်ကွင်းဖြစ်နေတာရယ်၊ လက်စ်ပါမားစ်ကလည်း ရှုံးပွဲဆက်နေလို့ အိမ်ကွင်းမှာ အမှတ်ရအောင် ယူသွားနိုင်မယ်ထင်တယ်။ 

■ စီးရီးအေပွဲစဉ် (၂၇)  ပွဲကြိုသုံးသပ်ချက် 

ဖီအိုရင်တီးနား - လက်ချီ (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂:၁၅ နာရီ)

ဖီအိုရင်တီးနားက စီးရီးအေနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေအတွက် ရုန်းကန်ခဲ့ရတယ်။ လက်ချီကတော့ တန်းမဆင်းရဖို့ ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ လက်ချီ သရေလောက်တော့ ရမယ်လို့ ထင်တယ်။

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၄)  ပွဲကြိုသုံးသပ်ချက် 

စတုဂတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂:၀၀ နာရီ)

လက်ရှိအနေအထားမှာ ဘိုင်ယန်မြူးနစ်က ရာသီကုန်အထိ ပုံမှန်လောက်ပဲ အားထုတ်သွားရင်တောင် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ပြန်ရဖို့ သိပ်မခက်ခဲတော့ဘူး။ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် လူမချန်ရင်တောင် အားသွန်ခွန်စိုက်ကစားပါ့မလားဆိုတာ သံသယရှိစရာပါ။ စတုဂတ်ကလည်း အိမ်ကွင်းရှုံးပွဲဆက်ထားတဲ့ အသင်းဖြစ်တယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

မိုနာကို - Reims (မြန်မာစံတော်ချိန် မတ်လ ၁ ရက် နံနက် ၂:၁၅ နာရီ)

မိုနာကိုက ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ ပြည်တွင်းပြိုင်ပွဲကို အာရုံ ပြန်စိုက်ရတော့မယ်။ Reims က နောက်ဆုံး (၄)ပွဲဆက် ရှုံးခဲ့တဲ့ အသင်းပါ။ မိုနာကို ဂိုးပြတ်နိုင်မယ်။

Most Read

Most Recent