အင်ဒိုနီးရှားတွင် အမျိုးသားနှစ်ဦးအား လိင်တူဆက်ဆံမှုဖြင့် လူမြင်ကွင်းတွင် ကြိမ်ဒဏ်အပြစ်ပေးခဲ့

အင်ဒိုနီးရှားတွင် အမျိုးသားနှစ်ဦးအား လိင်တူဆက်ဆံမှုဖြင့် လူမြင်ကွင်းတွင် ကြိမ်ဒဏ်အပြစ်ပေးခဲ့
Photo-AFP
Photo-AFP
Published 27 February 2025

အင်ဒိုနီးရှား၏ ရှေးရိုးစွဲ အက်ချ်ပြည် နယ်တွင် တရားရုံးတစ်ရုံးက အမျိုးသားနှစ်ဦးကို တင်းကျပ်သော အစ္စလာမ်ဥပဒေအောက်၌ လိင်တူဆက်ဆံမှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် လူမြင်ကွင်း၌ ကြိမ်ဒဏ်အပြစ်ပေးခဲ့သည်ဟု သိရသည်။ ကမ္ဘာ့မွတ်စလင်အများစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံမှုကို တရားမဝင်အဖြစ် သတ်မှတ်ထားသည်။

ဘန် ဒါအက်ချ်ပြည်နယ်မြို့တော်ရှိ ပန်းခြံတစ်ခု၌ ကြိမ်ဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ဆက်ဆံရေးအတွက် စတင်လှုံ့ဆော်သူဟု စွပ်စွဲခံရသူ အမျိုးသားအား ကြိမ်ဒဏ် ၈၂ ချက် အပြစ်ပေးခဲ့ကာ ဒုတိယအမျိုးသားကို ကြိမ်ဒဏ် ၇၇ ချက် အပြစ်ပေးခဲ့သည်။

၎င်းတို့ နှစ်ဦးလုံးကို ကြိမ်တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး လူပေါင်းဒါဇင်ချီလာရောက်ကြည့်ရှုခဲ့ကြသည်။၎င်းတို့နှစ်ဦးသည် သုံးလကြာဖမ်းဆီးခံခဲ့ရသည့်အတွက် ကြိမ်ဒဏ်သုံးချက်စီ လျှော့ပေါ့ပေးခဲ့သည်။ နိုဝင်ဘာလက ဘန်ဒါ အက်ချ်ပြည်နယ်ရှိ ငှားရမ်းထားသောအခန်း တစ်ခန်းကို ဒေသခံများဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဒေသတွင်းရှိ တက္ကသိုလ်တစ်ခုမှ  ကျောင်းသားနှစ်ဦးကို အတူတကွတွေ့ရှိခဲ့ရပြီး လိင်တူဆက်ဆံမှုဖြင့် ရှရီးယားရဲတပ်ဖွဲ့ဆီ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။      

■Ref: AFP

Most Read

Most Recent