■ တိတ်တဆိတ်စီးဆင်းနေတဲ့ မြစ်တစ်စင်း     

■ တိတ်တဆိတ်စီးဆင်းနေတဲ့ မြစ်တစ်စင်း     
Published 14 February 2025
AK

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက အီဆက်ခ်ကို World Class Talent ဆိုပြီး တင်စားတယ်။ တစ်ချိန်တည်းမှာပဲ အီဆက်ခ်ကို ဆုံးရှုံးရမှာစိုးလို့ အက်ဒီဟောင်း တွေးပူနေပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဘုရင်ဆု မျှော်လင့်ခွင့်ရှိနေသူ အီဆက်ခ်ကို လိုချင်သူတွေ များနေတယ်။ အဲဒီစိတ်နဲ့ပဲ အက်ဒီဟောင်း အိပ်မပျော်နိုင်ဘူး။ အီဆက်ခ်က ဆိုစီဒက်ကနေ ၂၀၂၂ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်ကို ရောက်လာသူပါ။ သူ့အတွက် နယူးကာဆယ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၆၃) သန်း သုံးစွဲခဲ့ပါတယ်။ အီဆက်ခ်ကို ဒဏ်ရာနတ်ဆိုးက နှိပ်စက်ပေမဲ့ သူဟာ တိတ်ဆိတ်မနေဘူး၊ ရပ်တန့် မနေဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်း ပြောကြရင် အီဆက်ခ်ဟာ မေ့ဖျောက်ခံထားရတယ်။

 

Most Read

Most Recent