■ ဖိအားများနဲ့ မန်ချက်စတာ

■ ဖိအားများနဲ့ မန်ချက်စတာ
Photo: Getty Images
Photo: Getty Images
Published 14 February 2025
Wai Yan Aung

မန်ချက်စတာနှစ်သင်းရဲ့ အခြေအနေချင်းက မတူညီပါဘူး။ ဒါပေမဲ့ ဖိအားကိုယ်စီ ရင်ဆိုင်နေရတာချင်းတော့ တူညီပါတယ်။ မန်စီးတီးအသင်းက ထင်မှတ်မထားတဲ့ ယိမ်းယိုင်မှုနဲ့အတူ ရလဒ်ဆိုးတွေ ရင်ဆိုင်နေရပြီး မန်ယူအသင်းကတော့ နည်းပြသစ် အာမိုရင်မ်လက်ထက်မှာလည်း တိုးတက်မလာတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပွဲစဉ်(၂၄)ပွဲ ယှဉ်ပြိုင်ပြီးသွားပါပြီ။ ဒါကြောင့် ပြိုင်ပွဲရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး နောက်ထပ် (၁၄)ပွဲသာ ယှဉ်ပြိုင်ရတော့မှာပါ။ အဲဒီလက်ကျန်ပွဲတွေမှာ မန်ချက်စတာမြို့ခံနှစ်သင်း ဘယ်လောက်အထိ တိုးတက်အောင် စွမ်းဆောင်နိုင်မလဲ။ မန်စီးတီးက ထိပ်ဆုံး(၄)သင်းစာရင်းထဲ ဝင်နိုင်ပါ့မလား။ မန်ယူအသင်းကရော အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ပါ့မလား။ ဒါတွေက မန်ချက်စတာနှစ်သင်းနဲ့ပတ်သက်ရင် ပရီးမီးယားလိဂ်မှာ အဓိကစောင့်ကြည့်ရမယ့်အရာတွေ ဖြစ်နေပါတယ်။

 

Most Read

Most Recent