'' အကောင်းဆုံးပုံစံနဲ့ ကစားနိုင်တဲ့အခါ ပြိုင်ဘက်တွေကို ကျွန်တော် ဒုက္ခပေးနိုင်ပါတယ်''

'' အကောင်းဆုံးပုံစံနဲ့ ကစားနိုင်တဲ့အခါ ပြိုင်ဘက်တွေကို ကျွန်တော် ဒုက္ခပေးနိုင်ပါတယ်''
Photos: AVFC
Photos: AVFC
Published 10 February 2025
Taw Lynn

အက်စတွန်ဗီလာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား (၅) ဦးအထိ ခေါ်ယူခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းက မန်ယူအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ရာသီဝက်အငှားနဲ့ခေါ်ယူခဲ့ပြီး ပေါင်သန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး မန်ယူတစ်သင်းတည်းမှာ ကစားခဲ့ပေမဲ့ နည်းပြသစ် အာမိုရင်မ်လက်ထက်မှာ နေရာမရတာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ အက်စတွန်ဗီလာအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဝက်ဘ်ဆိုက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရပ်ရှ်ဖို့ဒ်က အက်စတွန်ဗီလာအသင်းကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်း၊ သူ့ရဲ့ရည်မှန်းချက်တွေအကြောင်းကို အခုလိုပဲ ဖွင့်ဟထားပါတယ် . . . 

 

Most Read

Most Recent