ရူဘင်အာမိုရင်မ်နှင့် အိပ်မက်များ၊ ရည်မှန်းချက်များ အကြောင်း (၂)

ရူဘင်အာမိုရင်မ်နှင့် အိပ်မက်များ၊ ရည်မှန်းချက်များ အကြောင်း (၂)
Photo: Getty Images
Photo: Getty Images
Published 8 February 2025
Chan Myae

အာမိုရင်မ် က အမြဲတမ်းလိုလို နွေးထွေးပျူငှာ သူ အဖြစ်လူသိများပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရေဆူမှတ်က သူ့အပေါ်ကိုလေးစားမှု အလုံအလောက်မပေးဘူးဆိုတဲ့ အချိန်မျိုးတွေမှာ ဖြစ်လာတတ်တယ်။ အဲဒီလို အချိန်ဆိုရင် သူက ပေါက်ကွဲလွယ်တယ်။ ပြီးတော့ သိပ်မကြာခင်မှာပဲ အာမိုရင်မ် နဲ့ ဂျော့ချ်ဂျီးဆပ်စ်တို့ ကြားမှာ ပြဿနာက လူသိရှင်ကြား အခြေအနေဆီကို ဦးတည်လာတယ်။ အပြန်အလှန် ဝေဖန်မှုတွေလုပ်လာကြတယ်။ နောက်ဆုံးမှာ အာမိုရင်မ် က လူစားဝင်ခိုင်းတဲ့အချိန်တွေမှာဝင်ဖို့ ငြင်းဆန်တာနဲ့ အရန်အသင်းလေ့ကျင့်ခန်း အစီအစဉ်ကို မသွားနိုင်ကြောင်း တုံ့ပြန်တာတွေ ဖြစ်လာတယ်။ အဲဒီကာလတွေက ၂၀၁၁ ခရစ္စမတ်ကာလတွေဖြစ်ပြီး သိပ်မကြာခင်ရက်ပိုင်းအတွင်း မှာပဲ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို ရောက်လာတယ်။ ဂျော့ချ်ဂျီးဆပ်စ်ကလည်း အာမိုရင်မ်ကို အသင်းမှာ ဆက်မထားတော့ပဲ ဘရာဂါ အသင်းဆီကို အငှားချဖို့ ဆုံးဖြတ်လိုက်တယ်။ အာမိုရင်မ်က ဘရာဂါအသင်းမှာ ၁ နှစ်ခွဲကြာ ဆက်ကစားခဲ့ပြီး မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ဒီလိုနဲ့ ဆာအဲလက်စ် ဖာဂူဆန်အနားယူမယ့် ၂၀၁၃ ခုနှစ်မှာ ဘရာဂါကစားသမားအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ လာကစားခဲ့သလို၊ အိမ်ကွင်းပွဲစဉ်မှာလည်း ရင်ဆိုင်ခဲ့တယ်။

 

Most Read

Most Recent