တေးရေးနိုင်မြန်မာ ကွယ်လွန်ခဲ့သည်ဟု ၎င်း၏မိသားစုဝင်များက ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။
“ဒီမနက် ၇ နာရီခွဲကျော်ကျော်မှာ ဆုံးတာပါ။ နှလုံးလေဟပ်ပြီးတော့ ရုတ်တရက်ဖြစ်သွားတာ” ဟု တေးရေးနိုင်မြန်မာ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
တေးရေး နိုင်မြန်မာမှာ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သည်။
ကမ္ဘာမကြေဘူး၊ ဝါဆို၊ ဒုံးယိမ်းည အစရှိသည့် နာမည်ကျော် တေးသီချင်းများစွာကို ဖန်တီးရေးသားခဲ့သူတစ်ဦးဖြစ်သည်။
အဆိုတော် စိုးလွင်လွင်၊ လွှမ်းမိုး အစရှိသည့် နာမည်ကျော် အဆိုတော်များအတွက်လည်း တေးသီချင်းပေါင်းများစွာကို ရေးစပ်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။















