ဆာလာလက်သစ်ဖြစ်လာမလား အိုမာမာမွတ်ရှ်

ဆာလာလက်သစ်ဖြစ်လာမလား အိုမာမာမွတ်ရှ်
Photos: AFP & X
Photos: AFP & X
Published 1 February 2025
AK

အီဂျစ်တွေဟာ ကမ္ဘာကြီးထဲခေတ်အမီဆုံးနဲ့ ဂမ္ဘီရအဆန်ဆုံးအဖြစ် ရာဇဝင်တွင်ခဲ့တယ်။ အီဂျစ်တွေရဲ့ဉာဏ်ပညာဟာ မှော်ဆန်ခဲ့ပါတယ်။ ဒီလိုပဲဘောလုံးလောကထဲလည်း အီဂျစ်ဂန္ထဝင်တွေရှိဖူးတယ်။ အရင်းနှီးဆုံး ဥပမာပေးရရင် မီဒို၊ ဆာလာတို့ပေါ့။ အခုအီဂျစ် တိုက်စစ်နတ်ဘုရားတစ်ဦး ထွက်ပေါ်လာပြန်ပြီ။ ဖရန့်ဖတ်က အိုမာမာမွတ်ရှ်ပါ။ သူက ဘွန်ဒစ်လီဂါမှာ ဟာရီကိန်းထက်တောင် သွင်းဂိုးပါဝင်ပတ်သက်မှု ပိုများထားပါတယ်။ အဲဒီလိုအပျံစားစွမ်းရည်ကြောင့် မန်စီးတီးကသူ့ကို အပြင်းအထန်အလိုရှိခဲ့တာပါ။ အိုမာမာမွတ်ရှ်က ဆာလာလိုပဲကျော်ကြားသူဖြစ်တာ နောက်ကျပါပြီ။ ဆာလာကအသက် ၂၅ နှစ်ကျော် အရွယ်ကစတင်ပြီး အစွမ်းကုန်လင်းပသလိုမျိုး အိုမာမာမွတ်ရှ်ကလည်း အသက် ၂၆ နှစ် အရွယ်မှာ စန်းထလာပါတယ်။ တကယ်ဆိုရင် ၂၀၂၂ ခုနှစ်အထိ အိုမာမာမွတ်ရှ်ရဲ့ဘဝကမရေရာခဲ့ဘူး။ စတုဂတ်လိုအသင်းမှာ သူရဲကောင်းမဖြစ်ဘဲ ရုန်းကန်ခဲ့ရတယ်။ ဝုလ်ဖ်ဘတ်မှာ အငှားသွားကစားတော့လည်း ဗုံမဟုတ်ပတ်မဟုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး ဖရန့်ဖတ်ကိုရောက်မှ ဖီးနစ်ငှက်လို မီးပုံထဲက ခုန်ထွက်လာနိုင်တယ်။

 

Most Read

Most Recent