အခုနောက်ဆုံး ပြန်ပေါင်းထုပ်တဲ့သတင်း ထွက်လာတာကတော့ အေစီမီလန်တိုက်စစ်မှူး မိုရာတာပါ။ မိုရာတာက (၅)လကြာ လမ်းခွဲထားတဲ့ ဇနီးသည်နဲ့ ပြန်လည်ပေါင်းဖက်ခဲ့တာပါ။ ဒီသတင်းကို မိုရာတာက နှုတ်နဲ့ ဖွင့်ဟအသိပေးခဲ့တာတော့ မဟုတ်ပါဘူး။ ဓာတ်ပုံတစ်ပုံနဲ့ အတည်ပြုပေးခဲ့တာပါ။ ဇနီးသည် ကမ်ပယ်လိုကို အနမ်းပေးနေတဲ့ ဓာတ်ပုံရဲ့အောက်မှာ အသည်းပုံ သင်္ကေတလေးပေးပြီး Instagram မှာ ဖော်ပြခဲ့တာပါ။ ဒါဟာ ရင်ခွင်ဟောင်းဆီ ပြန်လည်ခိုဝင်တော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပဲပေါ့။ သူတို့နှစ်ဦးရဲ့ကြားမှာ သားသမီးဆိုတဲ့ သံယောဇဉ်ကြိုး (၄)ချောင်း ချည်နှောင်ထားခဲ့ပြီးဖြစ်တာကြောင့် အခုသတင်းက သူ့ကို အားပေးတဲ့ ပရိသတ်တွေအတွက်တော့ ပျော်ရွှင်ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်။
■ ရင်ခွင်ဟောင်းထံ ပြန်လည်ခိုဝင်ခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။