ပြီးခဲ့တဲ့နှစ်ရာသီဆက် ဦးဆောင်သူနေရာ သိမ်းပိုက်ထားနိုင်ပေမယ့် ဒုတိယလူအဖြစ်သာ နာကျင်ခဲ့ရပါတယ်။ အခုရာသီမှာလည်းပွင့်ပွင့်လင်း လင်းပြောရရင်ဒုတိယလူဖြစ်ဖို့တောင် မရေရာတဲ့ အခြေအနေပါ။ အာဆင်နယ်က ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ တိုက်စစ်မှူးမဝယ်သေးဘူးဆိုရင် ဒုတိယလူအဖြစ်တောင် ရပ်တည်နိုင်မယ်မထင်ပါဘူး။ အာဆင်နယ်ရဲ့ချန်ပီယံဆုမျှော်လင့်ချက်ကလည်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လောက်ပဲ ရှိတော့တယ်။ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နယူးကာဆယ်ကို Comback Win လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဆုဖလားမျှော်လင့်ချက်တစ် ခုတိုးလာမှာပါ။ အာဆင်နယ်ပရိသတ်တချို့က လက်ရှိရာသီမှာလည်း ဖလားလက်မဲ့ဖြစ်မှာ စိုးရိမ်လွန်နေပါပြီ။ အာတီတာက ဖလားလက်မဲ့မဖြစ်အောင် ရည်ရွယ်ရုန်းကန်နေပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်က သိပ်ပြီးမျှော်လင့်လို့ရတဲ့အောင်ပွဲတွေမဟုတ်ပါဘူး။ ရာသီကုန်လို့ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာနဲ့ပဲအာတီတာ ချွေးသိပ်ဦးမယ်ဆိုရင် အာဆင်နယ်ပရိသတ်တွေ ကျေနပ်မှာမဟုတ်ဘူး။
ဒုတိယလူဘဝက ကျေနပ်စရာမဟုတ်တော့ဘူး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















