
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် နှစ်အစတွင် ဒေါ်လာ၂၅ သန်း၊ ယွမ်ခြောက်သိန်းကျော်နှင့် ဘတ် ၂ ဒသမ ၄ သန်းကျော်ကို ဇန်နဝါရီ ၂ ရက်က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတေ်ာဗဟိုဘဏ်အနေဖြင့် ဒေါ်လာလေးသန်းကျော်၊ ယွမ်လေးသိန်းကျော်နှင့် ဘတ်တစ်သန်းကျော် ထပ်မံထုတ်ရောင်းခဲ့သဖြင့် လက်ရှိအချိန်အထိ ဒေါ်လာ ၁၇၉ သန်းကျော်၊ ယွမ် ၂၂ သန်းကျော်နှင့်ဘတ် ၃၆၁ သန်းကျော် ထုတ်ရောင်းခဲ့သည်။
ဒီဇင်ဘာလအတွင်း ရောင်းချမှုအနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်လာ ၃၈ သန်းကျော်၊ ယွမ် ၁ ဒသမ ၄ သန်းကျော်၊ ဘတ် ၁၀၇ သန်းကျော်၊ ဒီဇင်ဘာ ၃ ရက်တွင် ယွမ် ၁ ဒသမ ၄ သန်းကျော်၊ ဒီဇင်ဘာ ၄ ရက်တွင် ယွမ် ၁ ဒသမ ၄ သန်းကျော်၊ ဒီဇင်ဘာ ၅ ရက်တွင် ယွမ် ၁ ဒသမ ၅၂ သန်းကျော်၊ ဒီဇင်ဘာ ၆ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ယွမ်တစ်သန်းကျော်၊ ဘတ်သန်း ၂၀၀၊ ဒီဇင်ဘာ ၁၀ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအား ဒေါ်လာ ၃၅ သန်းနှင့် ဘတ်သန်း ၄၀ ရောင်းချခဲ့ကြောင်း သိရသည်။