နိုင်ငံခြားငွေအခက်အခဲကြောင့် Ertiga Hybrid နှင့် လုပ်ငန်းသုံး Carry pro များကို အရေအတွက်အနည်းငယ်သာ ထုတ်လုပ်မည်

နိုင်ငံခြားငွေအခက်အခဲကြောင့် Ertiga Hybrid နှင့် လုပ်ငန်းသုံး Carry pro များကို အရေအတွက်အနည်းငယ်သာ ထုတ်လုပ်မည်
Published 28 December 2024

နိုင်ငံခြားငွေအခက်အခဲကြောင့် Ertiga Hybrid နှင့် လုပ်ငန်းသုံး Carry pro များကို အရေအတွက်အနည်းငယ်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း ဆူဇူကီးမြန်မာမှ သိရသည်။

" Suzuki အနေဖြင့် မော်တော်ကားများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းအစိတ်အပိုင်းများ ဝယ်ယူရန် နိုင်ငံခြားငွေလိုအပ်ချက် အခက်အခဲများရှိနေသေးသောကြောင့် လုပ်ငန်းသုံး Carry Pro နှင့် Ertiga Smart Hybrid ကားမော်ဒယ်လ်ကိုသာ အရေအတွက်အနည်းငယ်ဖြင့် ပြန်လည်ထုတ်လုပ်လျက်ရှိပါတယ် " ဟု ဆူဇူကီးမြန်မာက ပြောကြားသည်။

အသစ်ထုတ်လုပ်မည့် Ertiga Smart Hybrid Model အား အနည်းငယ်သာထုတ်လုပ်နိုင်မည်ဖြစ်ပြီး စျေးနှုန်းကို တရားဝင်သတ်မှတ်ပေးထားကြောင်း၊ Ertiga Smart Hybrid အား အခွန်နှင့် လိုင်စင်ကြေးမပါသေးဘဲ ကျပ်သိန်း ၁၀၅၀ သတ်မှတ်ပေးထားကြောင်း၊ ဆူဇူကီး၏ ကားအ​ရောင်းပြခန်း ကိုယ်စားလှယ်များထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ Ertiga Smart Hybrid မှာ အရေအတွက်အနည်းငယ်ဖြင့်သာ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ကြိုတင်မှာယူမှုများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း ဆူဇူကီးမြန်မာမှ သိရသည်။

Most Read

Most Recent