■ စီးရီးအေပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 13 December 2024

လက်ချီ - မွန်ဇာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၆:၀၀ နာရီ)

လက်ချီက အဆင့်(၁၆)ရောက်နေပေမဲ့ နောက်ပိုင်းမှာ ရမှတ်တွေအတွက် ရုန်းကန်လာတယ်။ မွန်ဇာကတော့ စိတ်ပျက်စရာပုံစံနဲ့အတူ အမှတ်လေလွင့်မှုတွေများနေတုန်းပဲ။ အိမ်ရှင် လက်ချီ ရလဒ်ကောင်းလိမ့်မယ်။



ဘိုလော့ဂ်နာ - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၈:၃၀ နာရီ)

ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ ဘိုလော့ဂ်နာက ရလဒ်ပိုင်းတက်လာပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် ပွဲပန်းနေနိုင်တာကို သတိပြုရပါမယ်။ ဖီအိုရင်တီးနားကတော့ ပုံစံကောင်းပြနေပြီး ဒီအချိန်မှာ ဘိုလော့ဂ်နာထက် အားသာချက်ပိုရှိတယ်။ ဖီအိုရင်တီးနားကို ကြိုက်တယ်။



ပါးမား - ဗီရိုနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၁:၃၀ နာရီ)

ပါးမားက အိမ်ကွင်းနောက်ဆုံးပွဲမှာ ဗီရိုနာကိုတောင် အနိုင်ကစားခဲ့တယ်။ ဗီရိုနာကတော့ စီးရီးအေနောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲကြုံခဲ့ပြီး ခံစစ်ကလည်း ဂိုးအလှူပေးနေရတယ်။ ပါးမားပဲ နိုင်လိမ့်မယ်။



ကိုမို - ရိုးမား (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၁:၃၀ နာရီ)

ဖာဘရီဂတ်စ်ရဲ့ ကိုမိုက နိုင်ပွဲပျောက်နေပေမဲ့ ကစားပုံမဆိုးပါဘူး။ ရိုးမားကတော့ နောက်ဆုံးပွဲမှာ လက်ချီကိုအနိုင်ရခဲ့ပေမဲ့ ယုံကြည်လို့မရသေးဘူး။ ကိုမို အိမ်ကွင်းမှာ အနည်းဆုံးသရေရမယ်။



အေစီမီလန် - ဂျီနိုအာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)

အေစီမီလန်ရဲ့ လက်ရှိခြေစွမ်းက မှန်းဆရခက်ခဲနေဆဲပါပဲ။ ဒါပေမဲ့ စီးရီးအေအိမ်ကွင်းပွဲတွေဆိုရင်တော့ အေစီမီလန်အသင်း သိသိသာသာအားကောင်းတတ်တယ်။ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ Clean Sheet ရယူနိုင်ခဲ့တဲ့ အေစီမီလန်ရဲ့ ခံစစ်ကိုလည်း ချီးကျူးရမယ်။ ဂျီနိုအာကလည်း နောက်ပိုင်းပွဲတွေမှာ ရမှတ်တွေ တဖြည်းဖြည်းစုဆောင်းလာနိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ ဒီပွဲတော့ အေစီမီလန်ကို ကြိုက်တယ်။

Most Read

Most Recent