အာဆင်နယ်နည်းပြ အာတီတာသည် အသင်း၏ အားကစားဒါရိုက်တာသစ်အဖြစ် ဆိုစီဒက်အသင်းမှ စပိန်အားကစားဒါရိုက်တာ ရောဘတ်တိုအိုလာဘီကို အလိုရှိနေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဘရာဇီးလ်အားကစား ဒါရိုက်တာ အီဒူး ရာထူးမှနုတ်ထွက်သွားသည့်အတွက် အားကစားဒါရိုက်တာအသစ် အစားထိုးခန့်အပ်ရန် ရှာဖွေနေခြင်းဖြစ်သည်။
ယင်းအခြေအနေတွင် အာဆင်နယ်အသင်းသည် ဒန်အက်ရှ်ဝါ့သ်၊ ဘီဂီရီစတိန်းနှင့် လူးဝစ်ကမ်ပို့စ်တို့ကို ချိန်ရွယ်နေကြောင်း သတင်းထွက်နေသည်။
သို့သော် အာတီတာကမူ စပိန်လူမျိုးဖြစ်သည့် ဆိုစီဒက်အားကစားဒါရိုက်တာ အိုလာဘီကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၅၇)နှစ်အရွယ်ရှိ အိုလာဘီသည် ယခုရာသီကုန်တွင် ဆိုစီဒက်အသင်းနှင့် လမ်းခွဲရန် အတည်ပြုထားပြီးဖြစ်ကြောင်းလည်း သိရသည်။















