ရပ်ရှ်ဖို့ဒ်က ကျောင်းနေအရွယ်ကတည်းက တွဲခဲ့တဲ့ ချစ်သူ လူစီယာလွိုင်နဲ့ ၂၀၂၂ ခုနှစ်မှာ စေ့လပ်ကြောင်းလမ်းခဲ့ပေမဲ့ ၂၀၂၃ နွေရာသီမှာ လမ်းခွဲခဲ့ပါတယ်။ လူစီယာလွိုင်က ရပ်ရှ်ဖို့ဒ်ရဲ့ ချစ်သူအဖြစ် ကျော်ကြားတာမျိုး မလိုချင်ဘဲ ကိုယ်ပိုင်အစွမ်းအစနဲ့ ကိုယ်ပိုင်ပုံရိပ်တည်ဆောက်ချင်တာကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို လမ်းခွဲပြီးနောက်ပိုင်းမှာ ရပ်ရှ်ဖို့ဒ် ခြေစွမ်းမပြနိုင်ဘဲ ဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ။ ရပ်ရှ်ဖို့ဒ်နဲ့ လူစီယာလွိုင်တို့ ပြန်ပေါင်းထုပ်နိုင် တယ်လို့ ထင်မြင်ချက်ပေးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ရပ်ရှ်ဖို့ဒ် ချစ်သူအသစ်ရနေပြီလို့ ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။ ကိုလံဘီယာမှာ မွေးဖွားပြီး လီဗာပူးလ်မြို့မှာ ကြီးပြင်းခဲ့တဲ့ မော်ဒယ်မလေး အဲရစ်ကာပါ။ သူတို့ ကို မန်ချက်စတာမြို့ရဲ့ ဘားတစ်ခုမှာ အတူတွဲပြီး တွေ့မြင်ခဲ့ရတာကြောင့် အဲဒီလိုသတင်း ထွက်လာခဲ့တာပါ။ ဒီသတင်းက ဒီထက်တော့ ထူးခြားမလာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ အခုတစ်ခါ ရပ်ရှ်ဖို့ဒ်ရဲ့ အချစ်ရေး သတင်းအသစ် ထပ်ထွက်လာတာပါ။ ဒီတစ်ခါ ရပ်ရှ်ဖို့ဒ်နဲ့ တွဲနေတာကတော့ ဗြိတိန်ရဲ့ နာမည်ကျော် ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Love Island မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဗြိတိန်မော်ဒယ် ဂရေ့စ်ဂျက်ဆင်ပါ။
အချစ်ရေးသတင်းအသစ် ထွက်လာပြန်လာတဲ့ ရပ်ရှ်ဖို့ဒ် (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















