ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီကို ထွက်ခွာခွင့်ပြုရန် မန်ယူအသင်း ဆုံးဖြတ်

ဇန်နဝါရီအပြောင်းအရွှေ့တွင် ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီကို ထွက်ခွာခွင့်ပြုရန် မန်ယူအသင်း ဆုံးဖြတ်
Photo: beIN SPORTS
Photo: beIN SPORTS
Published 16 October 2024

 

မန်ယူအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီကို အငှားချခြင်း သို့မဟုတ် ရောင်းထုတ်ခြင်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် အန်တိုနီ (၂၄ နှစ်)ကို ၂၀၂၂ နွေရာသီတွင် အေဂျက်စ်အသင်းထံမှ ယူရို(၉၅)သန်းဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းတွင် မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

အန်တိုနီကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်တို့အပြင် နယ်သာလန်ကလပ်အသင်းဖြစ်သည့် အသင်းဟောင်း အေဂျက်စ်နှင့် ဘရာဇီးလ်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။

အန်တိုနီသည် မန်ယူအသင်းတွင် ပြိုင်ပွဲစုံ(၈၆)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

အန်တိုကို ရောင်းချရန် မန်ယူပရိသတ်များကလည်း အလိုရှိနေပြီး ၎င်းသည် ပေးရသည့်စျေးသည့်ထိုက်တန်သည့်ခြေစွမ်း ပြနိုင်ခြင်းမရှိသူဟု ဝေဖန်မှုများလည်းရှိကြောင်း သိရသည်။

Most Read

Most Recent