ယခုသီတင်းပတ်အတွင်း စစ်တပ်ထဲ ဝင်ရောက်လာသည့် လူငယ် ၁ ဒသမ ၄ သန်းရှိကြောင်း မြောက်ကိုရီးယားထုတ်ပြန်

ယခုသီတင်းပတ်အတွင်း စစ်တပ်ထဲ ဝင်ရောက်လာသည့် လူငယ် ၁ ဒသမ ၄ သန်းရှိကြောင်း မြောက်ကိုရီးယားထုတ်ပြန်
Photo: AFP
Photo: AFP
Published 16 October 2024

ကျောင်းသားများနှင့် လူငယ်အသင်းတာဝန်ရှိသူများအပါအဝင် လူငယ် ၁ ဒသမ ၄ သန်းဝန်းကျင်သည် ယခုသီတင်းပတ်အတွင်း စစ်တပ်ထဲဝင်ရောက်လာကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွင် အောက်တိုဘာ ၁၆ ရက်က ဖော်ပြထားသည်။

လူငယ်များသည် ရန်သူကို ဖျက်ဆီးမည့် မြင့်မြတ်သည့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း  KCNA သတင်းတွင်ဆိုသည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်နေချိန် မြောက်ကိုရီးယားစစ်တပ်ထဲဝင်ရောက်သည့် လူငယ်အရေအတွက်သည်  နှစ်ရက်အတွင်း တစ်သန်းကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက အတည်ပြုဖော်ပြခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားမီဒီယာ၌ ၎င်း၏နိုင်ငံသားများ၏ အမေရိကန်နှင့် တိုက်ခိုက်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စစ်တပ်ထဲ ဝင်ရောက်လာခဲ့ကြောင်း အလားတူထုတ်ပြန်ချက်တစ်ရပ် ကြေညာခဲ့သည်။

Ref:AFP

 

Most Read

Most Recent