ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၁၀၀ နှင့် ဒီဇယ်တစ်လီတာ ၃၁၉၀ သို့ ပြန်လည်ရောက်ရှိလာ

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၁၀၀ နှင့် ဒီဇယ်တစ်လီတာ ၃၁၉၀ သို့ ပြန်လည်ရောက်ရှိလာ
Published 11 October 2024

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၁၀၀ နှင့် ဒီဇယ်တစ်လီတာ ၃၁၉၀ သို့ ပြန် လည်ရောက်ရှိလာ စက်သုံးဆီတင်သွင်း သို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ စျေးနှုန်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၁ ရက် ရန်ကုန်မြို့တွင် ရောင်းချလျက်ရှိသည့် ရည်ညွှန်းလက်ကား စျေးနှုန်းမှာ ၉၂ တစ်လီတာ ၃၁၀၀ ကျပ်၊ ၉၅ တစ်လီတာ ၃၃၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီ တာ ၂၆၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၄၀ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၉၅၅ ကျပ်၊ ၉၅ တစ်လီတာ ၃၁၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၇၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၃၁၉၀ ဖြစ်ကြောင်း သိရ သည်။

ယင်းကြောင့် ၉၂ ဓာတ်ဆီတစ်လီတာ လျှင် ၁၄၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၁၂၀၊ ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၁၅၀ မြင့်တက်လာခြင်း လည်းဖြစ်သည်။

စက်သုံးဆီစျေးနှုန်းမှာ အောက်တိုဘာ ၄ ရက်မှ စတင်ပြီး စျေးနှုန်းကျဆင်းခဲ့ပြီး တစ် ပတ်ခန့်အကြာတွင် စျေးပြန်တက်လာခြင်း လည်းဖြစ်သည်။

အောက်တိုဘာ ၃ ရက်တွင် ရောင်းချခဲ့သည့်စျေးနှုန်းမှာ  ၉၂ တစ်လီတာ ၃၁၃၅ ကျပ်၊ ၉၅ တစ်လီတာ ၃၂၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာ ၃၂၃၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ၉၂ ဓာတ်ဆီတစ်လီတာ လျှင် ကျပ် ၁၈၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၄၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၁၅ ကျပ် ကျ ဆင်းလာသည်ကို တွေ့ရသည်။

အတန်ကြာငြိမ်သက်နေသည့် စက်သုံးဆီစျေးမှာ စက်တင်ဘာ ၂၇ ရက်တွင် ဓာတ် ဆီတစ်လီတာ ၇၅ ကျပ်မြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခြင်းလည်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်က အောက်တိုဘာ ၂ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ယွမ် ၁ ဒသမ ၂ သန်းကျော်(၁၂၄၇၉၆၂ ဒသမ ၇၇)နှင့် ဘတ် ၁၀ သန်းကျော် (၁၀၂၃၀၀၀၀)ထုတ်ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံး ဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် သြဂုတ် ၁၅ ရက်က တစ် ဒေါ်လာလျှင် ကျပ် ၃၄၀၀ နှုန်းဖြင့် ဒေါ်လာ ၉သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ် ရောင်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉ဝနီးပါး (၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈)ထုတ် ရောင်းပေး ခဲ့ခြင်းဖြစ်ကြောင်း ၊ သြဂုတ် ၂၂ ရက်တွင် တစ် ဒေါ်လာလျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊  သြဂုတ် ၂၈ ရက်တွင် တစ် ဒေါ် လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်း ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၂၆ ရက် တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၄၀၀၀၀ ထပ်မံထုတ်ရောင်းခဲ့ပြီး စက်တင် ဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ သန်း ၁၁၀ ကျော် ထုတ်ရောင်းထားရာတွင် စက်သုံးဆီလုပ်ငန်းများထံ ရောင်းချပေးထား ခြင်းဖြစ်ကြောင်း သိရသည်။