ထိုင်ဝမ်တွင် ဆေးရုံ မီးလောင်မှုကြောင့် လူကိုးဦး သေဆုံး

ထိုင်ဝမ်တွင် ဆေးရုံ မီးလောင်မှုကြောင့် လူကိုးဦး သေဆုံး
Published 3 October 2024

ထိုင်ဝမ်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာ ၃ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်းမီး သတ်အေဂျင်စီက ပြောကြားခဲ့သည်။

ပင်တွန်း ကောင်တီရှိ ဆေးရုံတွင် အောက်တိုဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄ဝတွင် မီးလောင်ကျွမ်းခဲ့ပြီး နေ့လယ် ၁ နာရီတွင်မီး ငြိမ်းသတ်ခဲ့သည်ဟု မီးသတ်အေဂျင်စီက အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဆေးကုသမှု ခံယူရန် အခြားနေရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက် သေဆုံးသူရှစ်ဦးရှိကြောင်း အတည် ပြုထားပြီး နောက်ပိုင်းတွင် အခင်းဖြစ်ပွား သည့်နေရာ၌ သေဆုံးသူတစ်ဦးကို ထပ်မံတွေ့ ရှိခဲ့သည်ဟုဆိုသည်။

ထိုင်ဝမ်ကျွန်းတောင် ပိုင်းတွင် တိုင်ဖွန်းခရာသွန်း ကျရောက်သည့် တစ်ရက်တည်းတွင် ယင်းမီးလောင်မှုဖြစ်ပွား ခဲ့သော်လည်း ထိုင်ဝမ်အာဏာပိုင်များက ထို ဖြစ်စဉ်နှစ်ခုသည် ဆက်စပ်မှုမရှိကြောင်းပြော ကြားခဲ့သည်။    

Most Read

Most Recent