အစ္စရေးက ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ချေမှုန်းခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်က ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်

အစ္စရေးက ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ချေမှုန်းခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်က ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်
သြဂုတ် ၂၇ ရက်က တီဟီရန်မြို့တွင် အစိုးရအဖွဲ့နှင့် အစည်းအဝေးပြုလုပ်နေသည့် အီရန်အမြင့်ဆုံးခေါင်းဆောင်  ခါမေနီကို တွေ့ရစဉ်
သြဂုတ် ၂၇ ရက်က တီဟီရန်မြို့တွင် အစိုးရအဖွဲ့နှင့် အစည်းအဝေးပြုလုပ်နေသည့် အီရန်အမြင့်ဆုံးခေါင်းဆောင်  ခါမေနီကို တွေ့ရစဉ်
Published 29 September 2024

အစ္စရေးက လက်ဘနွန်နိုင်ငံရှိ အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့အကြီးအကဲကို လေကြောင်းတိုက်ခိုက်ကာ ချေမှုန်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို နိုင်ငံအတွင်းရှိ ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အစ္စရေးက အီရန်၏ ထောက်ပံ့မှုကို အ များဆုံးရရှိထားပြီး ဒေသတွင်း လက်နက်တပ် ဆင်မှုအကောင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ် သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေချိန်တွင် ခါမေနီအား ဘေးလွတ်ရာရွှေ့ပြောင်းမှုသည် အီရန်အာ ဏာပိုင်များ၏ စိုးရိမ်ပူပန်မှုကို ပြသရာရောက် သည့် နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အသုံးပြုသည့် ပေဂျာ များနှင့် စကားပြောစက်များ ဖောက်ခွဲတိုက် ခိုက်ခံခဲ့ရပြီးနောက်  အီရန် တော်လှန်ရေးအ စောင့်တပ်ဖွဲ့သည် အဖွဲ့ဝင်အားလုံံးကို မည် သည့်ဆက်သွယ်ရေးပစ္စည်းကိုမှ အသုံးမပြု ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရိုက်တင်သ တင်းဌာနက ယခုလအတွင်း သတင်းထုတ်ပြန် ခဲ့သည်။

ပေဂျာများနှင့် စကားပြောစက်များ ဖောက်ခွဲတိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အစ္စရေးရှိခဲ့သည်ဟု လက်ဘနွန်နှင့် ဟစ်ဇ်ဘို လာအဖွဲ့က ပြောကြားခဲ့သော်လည်း အစ္စရေး ကမူ ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ကြောင်း အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိခဲ့ ပေ။

ခါမေနီကို ဘေးကင်းလုံခြုံသည့်နေရာ သို့ ရွှေ့ပြောင်းပေးခဲ့ပြီး နာဆရာလာသတ် ဖြတ်ခံခဲ့ရပြီးနောက် မည်သို့ ဆက်လက်လုပ် ဆောင်မည်ဆိုခြင်းကို ဆုံးဖြတ်ရန်အတွက် အီရန်သည် ဟစ်ဇ်ဘိုလာနှင့် အခြား ဒေသ တွင်းလက်အောက်ခံအဖွဲ့များနှင့် အဆက်အ သွယ်ပြုလုပ်နေကြောင်း ဒေသတွင်းအရာရှိ နှစ်ဦးက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာ၏ ထိလွယ်ရှလွယ် ရှိသည့်သဘောသဘာဝကြောင့် ထိုသတင်း ရင်းမြစ်နှစ်ဦးက ၎င်းတို့ မည်သူမည်ဝါဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ သည်။

စက်တင်ဘာ ၂၇ ရက်က တိုက်ခိုက်မှု တွင် နာဆရာလာအပြင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တပ်မှူးဖြစ်သူ အာဘက်စ် နီဖိုရူရှန်လည်း သေဆုံးခဲ့သည်ဟု အီရန်မီဒီ ယာများက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြ ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂါဇာစစ်ပွဲစတင်ဖြစ် ပွားလာခဲ့ပြီးကတည်းက အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တပ်မှူးအချို့သည် မတူ ညီသည့် နေရာဒေသများတွင် သတ်ဖြတ်ခံခဲ့ ရသည်။

နာဆရာလာကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင် ခါမေနီက ဒေသတွင်းကံကြမ္မာ  ကို တော်လှန်ရေးတပ်ဖွဲ့များက အဆုံးအဖြတ် ပေးသွားလိမ့်မည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က တပ်ဦးနေရာတွင် ရှိနေမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

နာဆရာလာ၏ သေဆုံးမှုသည် အီရန် နှင့် တော်လှန်ရေးဝင်ရိုးတန်းအဖွဲ့များအ တွက်ကြီးမားသည့် ထိုးနှက်မှုတစ်ခုဖြစ်ခဲ့ သည်။ တော်လှန်ရေးဝင်ရိုးတန်းအဖွဲ့များဟု လူသိများသည့် အီရန်၏ ဒေသတွင်းမဟာမိတ် များထဲတွင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ၊ ဂါဇာ ရှိ ဟားမာ့စ်၊ အီရတ်ရှိ ပြည်သူ့စစ်များနှင့် ယီ မင်ရှိ ဟူရ်သီအဖွဲ့များ ပါဝင်သည်။

Ref: Reuters

Most Read

Most Recent