ထရာမီမုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် နောက်ထပ်မုန်တိုင်းသစ် ဝင်ရောက်မည့် သတိပေးချက်ထုတ်ပြန်

ထရာမီမုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် နောက်ထပ်မုန်တိုင်းသစ် ဝင်ရောက်မည့် သတိပေးချက်ထုတ်ပြန်
အောက်တိုဘာ ၂၅ ရက်က ဖိလစ်ပိုင်နိုင်ငံ တူဂွီဂါရိုမြို့တွင် ထရာမီမုန်တိုင်းကြောင့် ရေကြီးမှုကြုံတွေ့နေပုံကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၂၅ ရက်က ဖိလစ်ပိုင်နိုင်ငံ တူဂွီဂါရိုမြို့တွင် ထရာမီမုန်တိုင်းကြောင့် ရေကြီးမှုကြုံတွေ့နေပုံကို တွေ့ရစဉ်(Photo:AFP)
Published 28 October 2024

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်၏အဆိုးရွားဆုံး မုန်တိုင်းကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာခဲ့ပြီးနောက် ရက်ပိုင်းအကြာ အောက်တိုဘာ ၂၈ ရက်တွင် မုန်တိုင်းအသစ်ဝင်ရောက်မည့် မိုးလေဝသသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်က အလွန်ပြင်းထန်သော အပူပိုင်းမုန်တိုင်း ထရာမီ တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး လူပေါင်းတစ်သန်းနီးပါး ကယ်ဆယ်ရေးစင်တာများ သို့မဟုတ် ဆွေမျိုးများ၏ နေအိမ်များဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

လက်ရှိတွင် အမျိုးသားမိုးလေဝသ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အပူပိုင်းမုန်တိုင်း ကောင်းရေးသည် နာရီပေါင်းများစွာအကြာတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာ သွန်းကာ လေပြင်းများ တိုက်ခတ်နိုင်ပြီး နိုင်ငံအရှေ့ပိုင်းရှိ ကမ်းရိုးတန်းတွင် လှိုင်းကြမ်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ကောင်းရေးသည် အောက်တိုဘာ ၂၉ ရက်တွင် ပိုမိုအင်အားပြင်းလာမည်ဖြစ်ကာ အောက်တိုဘာ ၃၀ ရက်အစောပိုင်းတွင် နိုင်ငံမြောက်ပိုင်းရှိ ဖိလစ်ပိုင်ကျွန်းငယ်များအနီးသို့ ဖြတ်သန်းနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံ၏အရှေ့မြောက်ကမ်းရိုးတန်းတွင် မုန်တိုင်းသတိပေးချက် အဆင့်ငါးဆင့်၌ အနိမ့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။

ထရာမီမုန်တိုင်းသည် နိုင်ငံ၏ လူဦးရေ ထူထပ်သော နေရာများမှ အချို့ကိုဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထရာမီမုန်တိုင်းကြောင့် သေဆုံးသူ ၁၁၆ ဦးအထိ ရှိလာကာ ၃၉ ဦးပျောက်ဆုံးလျက်ရှိကြောင်း အစိုးရ၏ သဘာဝဘေးအန္တရာယ် အေဂျင်စီက ထုတ်ပြန်ထားသည်။

“လက်ရှိ မုန်တိုင်းရဲ့ရွှေ့လျားမှုအရ မုန်တိုင်းဟာ ဆက်လက်ပြီး အနောက်ဘက်ဆီကိုလည်း ရွှေ့လျားနိုင်ပါတယ်”ဟု နောက်ဆုံးထုတ်ပြန်သည့် မိုးလေဝသသတိပေးချက်တွင် ဖော်ပြထားသည်။

ကောင်းရေးမုန်တိုင်းသည် နိုဝင်ဘာ ၁ ရက်နေ့ အစောပိုင်းတွင် တိုင်ဖွန်းပြင်းအားဖြင့် ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။

ဖိလစ်ပိုင်သို့မဟုတ် ၎င်း၏အနီးဝန်းကျင် ရေနယ်နိမိတ်များတွင် နှစ်စဉ်မုန်တိုင်းကြီးနှင့် တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ပျက်စီးကာ လူပေါင်းဒါဇင်ချီသေ ဆုံးလေ့ရှိသည်။

အောက်တိုဘာ ၂၄ ရက်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ထရာမီမုန်တိုင်းသည် ယခုနှစ် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေသော မုန်တိုင်းများတွင် အပါအဝင် ဖြစ်သည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှု ကြောင့် ပြောင်းလဲလာသော ရာသီဥတုအခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထား သည်။ပိုမိုပူနွေးသော သမုဒ္ဒရာမျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီး ယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အား ပြင်းထန်လာစေသည်။

ပူနွေးသည့်လေထုသည် မုန်တိုင်းများအား ရေများကို ပိုမိုထိန်းသိမ်း ခွင့်ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။                       

Ref:AFP

Most Read

Most Recent