လာဇီယိုနှင့်ပွဲမှ လုပ်ရပ်အတွက် လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ်တို့ တောင်းပန်သင့်ကြောင်း အေစီမီလန်ဂန္ထဝင် တက်ဆော့တီ ပြောကြား

လာဇီယိုနှင့်ပွဲမှ လုပ်ရပ်အတွက် လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ်တို့ တောင်းပန်သင့်ကြောင်း အေစီမီလန်ဂန္ထဝင် တက်ဆော့တီ ပြောကြား
Photo: DAZN
Photo: DAZN
Published 5 September 2024

 

အေစီမီလန်ဂန္ထဝင် တက်ဆော့တီက အေစီမီလန်အသင်၏အဓိက ကစားသမားများဖြစ်သည့် လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ်တို့သည် လာဇီယိုနှင့်ပွဲမှလုပ်ရပ်အတွက် တောင်းပန်သင့်ကြောင်း ပြောကြားခဲ့သည်။ 

ယခုရာသီတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသေးသဖြင့် ဝေဖန်ခံရသည့် လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ် တို့သည် စက်တင်ဘာ (၁)ရက်က ကစားခဲ့သည့် စီး ရီးအေပွဲစဉ် လာဇီယို (၂-၂) အေစီမီလန်ပွဲ၌ ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရပြီး ပွဲချိန်မိနစ် (၇၀)တွင်မှ နှစ်ဦးစလုံး လူစားဝင်ခွင့်ရခဲ့သည်။ 

လီယာအိုသည် အဆိုပါပွဲတွင် အေစီမီလန်အတွက် ဒုတိယချေပဂိုးကို ပွဲချိန် (၇၂)မိနစ်တွင် သွင်းယူခဲ့သည်။ သို့သော် ဒုတိယပိုင်း Water Breaks ပေးချိန်တွင် လီယာအို နှင့် သီယိုဟာနန်ဒက်ဇ်တို့သည် နည်းပြ ဖွန်ဆီကာ၏ ညွှန်ကြားမှုကို ခံယူနေသည့်အသင်းနှင့် ပူးပေါင်းခြင်းမရှိဘဲ ကွင်း၏အခြားတစ်ဖက်တွင် ရပ်နေခဲ့ကြသည်။ 

သီယိုဟာနန်ဒက်ဇ်က ၎င်းတုုိ့မှာ လူစားဝင်လာသည့်အတွက် နည်းပြ၏ ညွှန်ကြားမှုကိုမလိုကြောင်း ဖြေရှင်းခဲ့သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုုံးဝေဖန်ခံခဲ့ရပြီး ယခုအခါ တက်ဆော့တီကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

တက်ဆော့တီက "မြင်ရတာ မကောင်းပါဘူး။ ဒီဖြစ်ရပ်အတွက် ကစားသမားတွေ တောင်းပန်သင့်ပါတယ်။ သီယိုဟာနန်ဒက်ဇ်ရဲ့စကားက ဆင်ခြေပါပဲ။ သူတို့ရဲ့စိတ်နေသဘောထားက မှားနေပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent