■ မာရက်စကာနဲ့ ချယ်လ်ဆီးလျှောက်ရမယ့် ခရီးကြမ်း

■ မာရက်စကာနဲ့ ချယ်လ်ဆီးလျှောက်ရမယ့် ခရီးကြမ်း
Photo : Getty Images
Photo : Getty Images
Published 28 August 2024
Phoe Thar

ပြီးခဲ့တဲ့ ဩဂုတ် (၂၁)ရက်နေ့မှာ ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ပေါ်တူဂီတောင်ပံကစားသမား ဂျော်အိုဖေးလစ်ကို ပေါင် (၄၄.၅)သန်းနဲ့ ခေါ်ယူကြောင်း အတည်ပြုကြေညာခဲ့တယ်။ ဒါဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၂၄ ဈေးကွက်အတွင်း (၁၀)ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့သလို စီနီယာအသင်းကြီးအတွက် အဆင့်မီတဲ့ကစားသမားအရေအတွက်ကလည်း (၄၂)ဦးအထိရှိလာခဲ့တယ်။ ဥရောပထိပ်တန်းလိဂ် ဘောလုံးအသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့ ပမာဏလို့ဆိုရမှာဖြစ်ပြီး ဒီအတွက်လည်း ချယ်လ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေအပေါ် ဘောလုံးကျွမ်းကျင်သူတွေ၊ နည်းပြတွေအပြင် အသင်းပရိသတ်တွေ ကိုယ်တိုင်က ဝေဖန်ပြစ်တင်မှုတွေ မကြာခဏဆိုသလို ပြုလုပ်ခဲ့ကြတယ်။ ရည်ရွယ်ချက်မဲ့နေတဲ့ အသင်းတစ်သင်းလို ခြေစွမ်းခြေစရှိတဲ့ လူငယ်တိုင်း ဆက်တိုက်ခေါ်ယူပြနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ဈေးကွက်လှုပ်ရှားမှုအပေါ် အမျိုးမျိုးသော သရုပ်ဖော်မှုတွေနဲ့ လှောင်ပြောင်ခဲ့ကြတယ်။

 

Most Read

Most Recent