ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက် ရေပန်းစားနေ

ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက် ရေပန်းစားနေ
Photo: The Independent
Photo: The Independent
Published 28 August 2024

 

အဲဗာတန်အသင်း၏နည်းပြ ရှောင်ဒိုက်သည် ယခုရာသီတွင် ပရီးမီးယားလိဂ်မှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြ အဖြစ် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ 

အဲဗာတန်အသင်းသည် ရာသီအဖွင့်နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာသို့ ရောက်ရှိနေသည့်အတွက် ရှောင်ဒိုက်အနေဖြင့် ယခုကဲ့သို့ ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ရှောင်ဒိုက် ရာထူးမှ ထုတ်ပယ်ခံရရန် အလေးပေးမှုကို (၃း၁)လေးဟု သတ်မှတ်ထားကြောင်းသိရသည်။ ၎င်း၏နောက်တွင် လက်စတာနည်းပြ စတိဗ်ကူးပါးက (၆း၁)လေး၊ ချယ်လ်ဆီးနည်းပြ မာရက်စကာက (ရး၁)လေး၊ မန်ယူနည်းပြ တန်ဟက်ဂ် နှင့် ဆောက်သမ်တန်နည်းပြ ရပ်ဆဲလ်မာတင်တို့က (၈း၁)လေးစီဖြင့် ရပ်တည်နေကြောင်း သိရသည်။

အဲဗာတန််အသင်းသည် ရာသီအဖွင့်ပွဲစဉ် ၂ ပွဲကစားထားသော်လည်း ဂိုးတစ်မျှသွင်းယူနိုင်ခြင်းမရှိသလို ပေးဂိုးမှာလည်း ၇ ဂိုးအထိရှိနေကြောင်းသိရသည်။

အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းတွင် ဘုန်းမောက်အသင်းနှင့် ကစားရမည်ဖြစ်သည်။

Most Read

Most Recent