မေဂျာလိဂ်နဲ့ မိုင်ယာမီရဲ့ ချန်ပီယံအိပ်မက်

မေဂျာလိဂ်နဲ့ မိုင်ယာမီရဲ့ ချန်ပီယံအိပ်မက်
Photos: X
Photos: X
Published 28 August 2024
Phoe Thar

၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သက်တမ်း (၆)နှစ်သာရှိသေးပေမယ့် အင်တာမိုင်ယာမီအသင်းဟာ ဘောလုံးမင်းသားဒေးဗစ်ဘက်ခမ်ရဲ့ ပူးတွဲပိုင်ဆိုင်မှုနဲ့အတူ ပရိသတ်စိတ်ဝင်စားမှုကို အလျင်အမြန်ရရှိခဲ့သလို၊ အချိန်တိုအတွင်း မြန်ဆန်တဲ့အပြောင်းအလဲတွေနဲ့ မေဂျာလိဂ်ပြိုင်ပွဲကို တစ်ခေတ်ဆန်းစေခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းကို စတင်တည်ထောင်စဉ်ကတည်းက မေဂျာလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်လာဖို့ နဲ့ ဘောလုံးကမ္ဘာရဲ့ အကျော်ကြားဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာဖို့အထိ ရည်ရွယ်ခဲ့တဲ့ ဘက်ခမ်ဟာ မိုင်ယာမီအသင်းအတွက် လျှင်မြန်တဲ့အပြောင်းအလဲတွေကိုဖော်ဆောင်ပေးခဲ့တယ်။ ဘက်ခမ်ရဲ့ ပုံရိပ်နဲ့အတူ အရှင်မွေးနေ့ချင်းကြီးခဲ့တဲ့ အင်တာမိုင်ယာမီဟာ ၂၀၂၃ ခုနှစ်မှာတော့ မြောက်အမေရိဘောလုံးလောကအတွက် သမိုင်းဝင်အပြောင်းအလဲတစ်ခုအဖြစ် အာဂျင်တီးနားစတား မက်ဆီကိုခေါ်ယူနိုင်ခဲ့ပြီး မေဂျာလိဂ်ရဲ့ အင်တာမိုင်ယာမီရဲ့ စျေးကွက်တန်ကြေးကို အဆမတန်မြင့်တက်စေခဲ့တယ်။