တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို ကနေဒါက ၁ဝဝ ရာခိုင်နှုန်း သွင်းကုန်ခွန် ကောက်ခံမည်

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို ကနေဒါက ၁ဝဝ ရာခိုင်နှုန်း သွင်းကုန်ခွန် ကောက်ခံမည်
Published 27 August 2024

တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော် ကားများကို သွင်းကုန်ခွန် ၁ဝဝ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ကနေဒါအစိုးရက ကြေညာလိုက်သည်။ကနေဒါထက်စောပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ(အီးယူ) တို့ကလည်း အလားတူကြေညာချက်များ ထုတ်ပြန်ထားသည်။

တရုတ်အလူမီနီယံနှင့် သံမဏိထုတ်ကုန်များကိုမူ ၂၅ ရာခိုင်နှုန်းအခွန် ကောက်ရန် ကနေဒါက ရည်ရွယ်ထားသည်။  တရုတ်ကမူ ကနေဒါ၏ ဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေသည်ဟု တုံ့ပြန်ထားသည်။

တရုတ်လျှပ်စစ်ကားများကို  အခွန်တိုးကောက်မှုက အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး သံမဏိနှင့်အလူ မီနီယံပစ္စည်းများက အောက်တိုဘာ ၁၅ ရက်မှစတင်ကာ အခွန်တိုးကောက်ခံမည်။တရုတ် သည် အမေရိကန်ပြီးလျှင် ကနေဒါ၏ဒုတိယ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်သည်။

အမေရိကန်ကလည်း တရုတ်လျှပ်စစ်ကားများကို သွင်းကုန်ခွန် ၁ဝဝ ရာခိုင်နှုန်း  ကောက်မည်ဟု မေကတည်းက ကြေညာထားသည်။ထို့နောက် အီးယူက ၃၆ ဒသမ ၃ ရာခိုင် နှုန်းတိုးမြှင့်ကောက်မည်ဟု ကြေညာလိုက်သည်။

ကနေဒါက သွင်းကုန်ခွန်တိုးကောက်မည့်အထဲ ရှန်ဟိုင်းစက်ရုံထုတ် တက်စ်လာ လျှပ်စစ်ကားများလည်း ပါဝင်မည်။တရုတ်ကားများကို ကနေဒါတွင် ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးသော်လည်း BYD ကဲ့သို့ တရုတ် ကားကုမ္ပဏီအချို့က ကနေဒါဈေးကွက်သို့ ထိုးဖောက်ရန်ပြင်နေကြသည်။  

Ref:BBC

 

Most Read

Most Recent