ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှား

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှား
Published 14 August 2024
Ref:AFP

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းကို သြဂုတ် ၁၄ ရက်တွင် ရာထူးမှ ဖယ်ရှားခဲ့သည်။

ထိုင်းနိုင်ငံရေးအခြေအနေကို ကမောက်ကမ ဖြစ်စေနိုင်သည့် ထိုအမှုတွင် ဆရီထာသည် ရာဇ၀တ်မှုဖြင့် စီရင်ချက်ချခံခဲ့ရသူတစ်ဦးကို အစိုးရအဖွဲ့အတွင်း ရာထူးခန့်အပ်ခဲ့ခြင်းဖြင့် ကျင့်ဝတ်ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တရားရုံးသည် ဆရီထာကို ရာထူးမှဖယ်ရှားရန် မဲခွဲဆုံးဖြတ်ရာတွင် ငါးမဲတွင် လေးမဲက ဆရီထာအား ရာထူးမှ ဖယ်ရှားရန် မဲပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent