MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူများကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ဟာသပညာရှင်များဦးဆောင်၍ နေပြည်တော်တွင် ဆန္ဒထုတ်ဖော်

MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူများကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ဟာသပညာရှင်များဦးဆောင်၍ နေပြည်တော်တွင် ဆန္ဒထုတ်ဖော်
Published 10 August 2024

MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားများကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ဟာသပညာရှင်များ ဦးဆောင်၍ သြဂုတ် ၉ ရက်တွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ခုတင်-၁၀၀ ဆေးရုံကို သြဂုတ်(၂)ရက်တွင် MNDAA အဖွဲ့က ဝင်ရောက်စီးနင်းတိုက် ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကု သမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေး ငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ ပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့မှုအား ဆန့်ကျင် ကန့်ကွက်ရှုတ်ချခြင်းဖြစ်ကြောင်း သိရသည်။

“အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ၊ ဘာမှလည်းသိတာမဟုတ်ဘူး။ ပြီးတော့ တိုင်း ရင်းသားပြည်သူတွေပါတယ်၊ အစုလိုက် အပြုံ လိုက်ကို ဥပမာ ဆေးရုံပေါ်ကို တိုက်ရိုက်ကြီး ပေါ့။ ပစ်ချတာတို့၊ ဘာတို့ဆိုတာ ဆေးရုံပေါ် မှာ ဝေဒနာခံစားနေရတာ တစ်ဖက်၊ ဒီဒဏ် ကြီးကို ခံစားရတာ တစ်ဖက်နဲ့ သေဆုံးသွားတဲ့ လူမမယ် ကလေးတွေလည်း ပါတယ်။ သက် ကြီးရွယ်အိုတွေလည်း ပါတယ်။ မမာမကျန်း ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အပြစ်မဲ့ ပြည်သူတွေဆိုလည်း အတုံးအရုန်းပဲပေါ့။ ကျွန်တော်တို့ကတော့ တော်တော်လေး ဝမ်း နည်းတယ်၊ စိတ်လည်း မကောင်းဘူး။ MNDAA တို့၊ TNLA တို့၊ AA တို့၊ ပူးပေါင်း အဖွဲ့တွေပေါ့။ မလုပ်ကြပါနဲ့လို့ ရှုတ်လည်း ရှုတ်ချပါတယ်။ ဒါမျိုးကမဖြစ်သင့်ပါဘူး။စစ် ရေးပစ်မှတ် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးလည်း နားမ လည်ဘူး။ ကျွန်တော်တို့က ဒါ နိုင်ငံရေး လုပ် တာ မဟုတ်ဘူး။ ကျွန်တော်တို့သည် အစည်း အရုံးလုပ်တာလည်း မဟုတ်ဘူး။  ကျွန်တော် တို့က ပြည်သူတစ်ယောက်အနေနဲ့ ရင်ထဲက ခံစားချက်တွေကို ကိုယ်နဲ့ရင်ဘက်ချင်းတူတဲ့ လူရွှင်တော်လေးတွေခေါ်တယ်။ ပြီးတော့ ပြည်သူတွေ ပါတယ်၊ အဲပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်း ပြီးတော့ ကဲ ဒါလေးကတော့ လုပ်သင့်တယ်၊ ဒီလိုဖြစ်ရပ်မျိုးက နောက်တစ်ကြိမ် မဖြစ် အောင်လို့ ခုနက ကျွန်တော်ပြောခဲ့တဲ့ MNDAA တို့၊ TNLA တို့၊ AA တို့၊ အဲဒီ ပူးပေါင်း အဖွဲ့တွေကိုလည်း ကျွန်တော်တို့အနေနဲ့ အနု ပညာရှင် တစ်ယောက်အနေနဲ့ပေါ့၊ မေတ္တာရပ် ခံတာပါ” ဟု ဟာသပညာရှင် ဦးဒိန်းဒေါင်က ပြောကြားသည်။

MNDAA ၊ TNLA ၊ AA စသည့် ပူး ပေါင်းအဖွဲ့များ အနေဖြင့် ထပ်မံ၍လည်း အ ထက်ပါကဲ့သို့အပြစ်မဲ့ပြည်သူများအား တိုက် ခိုက်ခြင်းမျိုး မလုပ်ဆောင်ရန် မေတ္တာရပ်ခံ တောင်းပန်ကြောင်း ဦးဒိန်းဒေါင်က ပြော ကြားသည်။

ဦးဒိန်းဒေါင်က“ဘာဖြစ်လို့လဲဆိုတော့ ပြည်သူဆိုတာက သူတို့တစ်နေ့တစ်နေ့ သူတို့ စားဖို့သောက်ဖို့နဲ့ သူတို့စီးပွားရေးလုပ်ငန်းနဲ့ အဲ့ထဲမှာ သေဆုံးသွားတဲ့ထဲမှာ ကျောင်းတက် နေတဲ့ ကလေးတွေပါမယ်။ ဘာမှ လောက အကြောင်းမသိသေးတဲ့ လူမမယ်လေးတွေ လည်း ပါမယ်၊ သက်ကြီးရွယ်အိုကြီးတွေ၊ နေ ဝင်ချိန်ရောက်နေတဲ့ သက်ကြီးရွယ်အိုကြီးတွေ ပါမယ်၊ အပြစ်မဲ့ပြည်သူတွေဗျာ ဒီစစ်ရေးနဲ့ လည်း ဘာမှမဆိုင်ဘူး၊ နားလည်းမလည်ဘူး။ သူတို့ကံဆိုးမိုးမှောင်ကျပြီးတော့ သူတို့ ဒီလို ဖြစ်ခဲ့တယ်။ အဲဒီအတွက်ကို ဝမ်းနည်းလို့ ဒီပွဲ လေးကို ကျွန်တော်တို့ ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါဆန့်ကျင်ရှုတ်ချပွဲတွင် MNDAA ၊ TNLA ၊ AA အကြမ်းဖက်အဖွဲ့အလိုမရှိ၊ အပြစ်မဲ့ အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သော MNDAA ၊ TNLA ၊ AA အကြမ်းဖက်အဖွဲ့အလိုမရှိ၊ MNDAA ၊ TNLA ၊ AA ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်၊ ပြည်တွင်းငြိမ်းချမ်းဖို့ ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်စို့အစသည့် ကြွေးကြော်သံများအား ကြွေးကြော်ခဲ့ပြီး အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲ သို့ ဟာသပညာရှင်များနှင့် ပြည်သူများ တက် ရောက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၆ ရက်ကလည်း နေပြည်တော် မြို့တော်ခန်းမရှေ့နှင့် ရန်ကုန်မြို့တော်ခန်းမ ရှေ့တို့တွင် MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူ ၁၀၀ ကျော်အား သတ် ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ခ ျကြောင်း ဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဘာသာ ရေးအဖွဲ့အစည်းများ၊ အသင်းများကလည်း MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ် သားပြည်သူ ၁၀၀ ကျော်အား သတ်ဖြတ်မှုအ ပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် များ ထုတ်ပြန်လျက်ရှိသည်။

 

 

Most Read

Most Recent