အနောက်လန်ဒန်ကလပ်ရဲ့ ပျိုမြစ်နေတဲ့ ကွင်းလယ်အင်ဂျင်သစ်

အနောက်လန်ဒန်ကလပ်ရဲ့ ပျိုမြစ်နေတဲ့ ကွင်းလယ်အင်ဂျင်သစ်
Photos: X
Photos: X
Published 27 July 2024
Zay Yar Htun

လန်ဒန်မြို့ခံကလပ် စပါးအသင်းက လိဒ်စ်ရဲ့ ဆယ်ကျော်သက်အင်္ဂလန်ကွင်းလယ်ကစားသမား အာချီဂရေးကို ခေါ်ယူလိုက်တယ်။ အာချီဂရေး အတွက် စပါးအသင်းသုံးစွဲခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း (၄၀)ဖြစ်ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်။ စပါးအသင်းမှာ ကျောနံပါတ် (၁၄)ဝတ်ဆင်သွားမယ့် အာချီဂရေးက "စပါးက ခမ်းနားတဲ့ကလပ်တစ်ခုဖြစ်ပြီး ဒီကို ပြောင်းရွှေ့ဖို့ နှစ်ခါမစဉ်း စားခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ရိုးရိုးသားသားပြောရရင် စပါးအသင်းဖော်တွေအကြောင်း ကျွန်တော်သိပ်မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်အကောင်းဆုံးသင်ယူသွားမှာပါ။ စပါးအသင်းနဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်"လို့ ဆိုခဲ့တယ်။

 

Most Read

Most Recent