ယီမင်ရှိ ဟိုဒေဒါဆိပ်ကမ်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည့် အစ္စရေးအား ကြီးကြီးမားမား လက်စားချေမည်ဟု ဟူရ်သီသူပုန်များက ပြောကြား

ယီမင်ရှိ ဟိုဒေဒါဆိပ်ကမ်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည့် အစ္စရေးအား ကြီးကြီးမားမား လက်စားချေမည်ဟု ဟူရ်သီသူပုန်များက ပြောကြား
အစ္စရေးတိုက်ခိုက်မှုကြောင့် ဟိုဒေဒါဆိပ်ကမ်းရှိ ရေနံလှောင်ကန်များ မီးလောင်နေပုံကို ဇူလိုင် ၂၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် ဟိုဒေဒါဆိပ်ကမ်းရှိ ရေနံလှောင်ကန်များ မီးလောင်နေပုံကို ဇူလိုင် ၂၁ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 22 July 2024

ဟိုဒေဒါဆိပ်ကမ်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်အတွက် အစ္စရေးကို ကြီးကြီးမားမား လက်စားချေ မည်ဟု ဇူလိုင် ၂၁ ရက်တွင် ယီမင်၏ဟူရ်သီသူပုန်များက ပြောကြားလိုက်ပြီး ကိုးလကျော် ကြာမြင့်လာ ပြီဖြစ်သော ဂါဇာစစ်ပွဲက ဒေသတွင်းပဋိပက္ခကို ကျယ်ပြန့်လာစေချိန်တွင် ဟူရ်သီ၏ ယခုသတိပေး မှုထွက်ပေါ်လာခြင်း ဖြစ်သည်။

ယီမင်တွင် အစ္စရေးလုပ်ဆောင်သည့် ပထမဆုံး အစ္စရေးတိုက်ခိုက်မှုကြောင့် အရေးပါသည့် ဟိုဒေဒါဆိပ်ကမ်း၌ ရေနံလှောင်ကန်များ မီးလောင်ခဲ့သည်။ အစ္စရေး၌ လူတစ်ဦး သေဆုံးခဲ့ရသည့် ဟူရ်သီ၏တိုက်ခိုက်မှုဖြစ် ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် အစ္စရေး ကယီမင်ကို တိုက်ခိုက်ခြင်းဖြစ်ပြီး ခြောက်ဦးသေဆုံးသွား သည်ဟု ဟူရ်သီက ပြောကြားခဲ့သည်။

ယီမင်ဘက်မှ ပစ်လွှတ်သော ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့သည်ဟု ဇူလိုင် ၂၁ ရက်တွင် အစ္စရေးက ပြောကြားခဲ့ပြီး လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ရာဖာအရပ်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဂါဇာတောင်ပိုင်းတွင် နေထိုင်သူများက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်ထဲတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ၀ါရှင်တန်သို့မသွားမီ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။ အမေရိကန်သည် ဂါဇာစစ်ပွဲပြီးဆုံးစေမည့် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ရရှိအောင် ကြိုးစားနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဟားမာ့စ်ဖမ်းဆီးထားသော ဓားစာခံများ လွတ်မြောက်ရေး သဘောတူညီချက်ရရှိစေမည့် အပေးအယူ တစ်အတွက် ဆွေးနွေးပွဲအသစ်များ လုပ်ဆောင်ရန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဝန်ကြီးချုပ်နေတန်ယာဟု က စေလွှတ်လိုက်သည်ဟု ၎င်း၏ရုံးက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်ဆိုသော်လည်း အဆိုပါအဖွဲ့ကို မည်သည့်နေရာသို့ စေလွှတ်လိုက်သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ဟိုဒေဒါဆိပ်ကမ်းကို အစ္စရေးတိုက်ခိုက်မှုက ဒေသတွင်း လတ်တလောဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး ဂါဇာစစ်ပွဲပြီးဆုံးစေရေးအတွက် ဆောင်ရွက်နေဆဲ ကြိုးပမ်းအားထုတ်မှုများကို ရပ်သွားစေမည် ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဇူလိုင် ၂၁ရက်တွင် ဂါဇာ၊ ယီမင်၊ လက်ဘနွန်တို့ရှိ လက်နက်ကိုင်အဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အစ္စရေးနှင့် ဂါဇာ၏ ဟားမာ့စ်အဖွဲ့ကြား ဖြစ်ပွားနေသော ကိုးလကြာစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီမှု တစ်ရပ်သည် ပန်းဝင်စည်းနှင့်နီးလာပြီဟု အမေရိကန်သံတမန်ကြီးတစ်ဦးက အခိုင်အမာ ပြောကြားထား သည့်တိုင် အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်မှုများအား ဖိအားပေးလုပ်ဆောင်လာချိန်တွင် ယီမင်ဘက်မှ ပစ်လွှတ်ခဲ့သော ဒုံးကျည်တစ်စင်းကို မိမိတို့ ကြားဖြတ်ပစ်ချသည်ဟု  အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ရာဖာမြို့ရှိ ဆော်ဒီရပ်ကွက်တွင် စစ်ဆင်ရေးကြီးလုပ်ခဲ့ပြီး အမြောက်များဖြင့် ပစ်ခတ်မှုနှင့် အဓိကရုဏ်းများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ နူဆေးရတ်နှင့်ဘူရေးအရပ်တို့ရှိ အိမ်များနှင့်ခန်းယူနစ်မြို့အနီးရှိ စစ်ဘေးရှောင်များကို အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေး အေဂျင်စီက ပြောသည်။                             Ref:AFP

Most Read

Most Recent