စလင်းမြို့နယ် ကုန်းခြားကျေးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စလင်းမြို့နယ် ကုန်းခြားကျေးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 27 June 2024

စလင်းမြို့နယ် ကုန်းခြားကျေးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကုန်းခြားကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ဝေ (၃၆ နှစ်)သည် ဆင်ဖြူကျွန်းမြို့မှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျေးရွာ၏ ရွာလယ်လမ်းအရောက် PDF အဖွဲ့အင်အား (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent