မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ

မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ
Published 10 June 2024

မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ငယ်စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ ကျပ် ၃၄၄၆၄၀၀၀ ခန့်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၃၂၀၀ နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Bowser တစ်စီး (ခန့်မှန်းကျပ် ၄၂၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၁၁၆၂၅၅၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် Super Glue ၃၀၀၈ ထုပ်၊ Tamaring Juice ဘူး ၃၀၀၊ ကလေးစီးစက်ဘီး ၁၆၈၂ စီးနှင့် Screen Protector Glass အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းကျပ် ၈၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၇၄၈၃၄၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ပိတ်လိပ် ၁၂၆၀၀ ကီလိုဂရမ်၊ Fruit Stick အခု ၈၀ အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းကျပ် ၂၅၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်းကျပ် ၃၇၇၅၅၃၀၀၀ ခန့် သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၆၂၄၀၀၀၀ ခန့်တန်ဖိုးရှိ Chang Beer သံဘူး ၉၆၀၊ Grand Royal Whisky ပုလင်း ၃၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး ယစ်မျိုးဥပဒေအရလည်းကောင်း၊ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၈၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်းကျပ် ၁၄၂၄၀၀၀၀ ခန့် သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ ကျပ် ၄၇၈၈၆၂၃ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၀၀၀ တန်၊ သစ်မာသုညဒသမ ၆၁၉ တန်နှင့် အခြားသစ် ၈ ဒသမ ၀၉၈ တန် သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှုဖြစ်ပြီး ကျပ် ၃၉၆၅၈၁၆၂၃ ခန့်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent