တရုတ်၏ ဝယ်လိုအားမြင့်တက်လာသော်လည်း အခက်အခဲများကို ရင်ဆိုင်နေရသည့် ဗီယက်နမ်ဒူးရင်းခြံများ

တရုတ်၏ ဝယ်လိုအားမြင့်တက်လာသော်လည်း အခက်အခဲများကို ရင်ဆိုင်နေရသည့် ဗီယက်နမ်ဒူးရင်းခြံများ
Photo-CNA
Photo-CNA
Published 26 May 2024

အရှေ့တောင်အာရှတွင် အပူလှိုင်းများနှင့် မိုးခေါင်မှုများကြုံတွေ့နေရချိန်တွင် ဗီယက်နမ်၏“ ရာသီ ပေါ်အသီးများ၏ဘုရင်”ဟုတင်စားခေါ်ဝေါ်သော ဒူးရင်းသီးစိုက် တောင်သူများသည် တရုတ်မှဝယ်လို အားမြင့်တက်နေချိန်တွင် အသီး၏အရည်အသွေး ကျဆင်းမည့်အရေးကို စိုးရိမ်ပူပန်နေကြသည်။

“အခု ဒူးရင်းသီးခူးဆွတ်တဲ့ ရာသီမှာ အဓိကပြဿနာကတော့ ကာလကြာရှည်မိုးခေါင်မှုနဲ့ ပင်လယ်ရေ ကျူးကျော်ဝင်ရောက်မှုဖြစ်ပြီး ဒီအခြေအနေတွေဟာ ဗီယက်နမ်ရဲ့ဒူးရင်းသီးခြံတွေမှာ အထွက်နှုန်းနဲ့အ ရည်အသွေးကို ကျဆင်းစေပါတယ်”ဟု နိုင်ငံ၏တောင်ပိုင်းသစ်သီးဌာန ညွှန်ကြားရေးမှူးဒါဗိုဟူသိုအိုင်က စီအန်အေသတင်းကို ပြောပြခဲ့သည်။

“ဒီပြဿနာကို လုံလောက်တဲ့ ဖြေရှင်းမှု အလျင်အမြန် မလုပ်ဘူးဆိုရင် လာမယ့်နှစ်တွေမှာ ပိုဆိုးလာ နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်သည် ဗီယက်နမ်မှ လတ်ဆတ်သော ဒူးရင်းသီးများကို တရားဝင်တင်ပို့ရန် သဘောတူသည့်၂၀၂၂ ခုနှစ် ဇူလိုင်လကတည်းက ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့နှုန်း မြင့်တက်လာကာ လွန်ခဲ့သည့်နှစ်က ဒေါ်လာ ၂ ဒသမ ၂ ဘီလျံရရှိခဲ့ပြီး ယင်းပမာဏသည် ၂၀၂၂ ခုနှစ်ထက် ၁ဝဆပို မိုမြင့်တက်လာခြင်းဖြစ်သည်။

ယင်းသည် ဆယ်စုနှစ်တစ်စုကျော်ကြာ တရုတ်သို့ ဒူးရင်းသီးအကြီးမားဆုံး တင်ပို့သူအဖြစ် ထိုင်းနိုင် ငံ၏လွှမ်းမိုးမှုအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာစေသည်။

ဗီယက်နမ်နိုင်ငံသားအများစုက ဒူးရင်းသီးကို ရွှေသီးဟုခေါ်ဆိုကြကာ တစ်ဟက်တာကို ကောင်းစွာ ခူးဆွတ်ခြင်းဖြင့် စိုက်ပျိုးသူများအတွက် အမြတ်ငွေ ဒေါ်လာရ၀,၀၀၀ ပျမ်းမျှရရှိနိုင်သည်။ ယင်းနှင့်နှိုင်းယှဉ်လျှင် နှစ်စဉ်ဆန် သို့မဟုတ် ကော်ဖီတစ်ဟက်တာမှ ဝင်ငွေဒေါ်လာ ၆၀၀၀ ရရှိသည်။

ဒူးရင်းသီးအကြီးမားဆုံး စားသုံးသူစျေးကွက်ရှိသည့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သူများသည် ယခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံအထိ နောက်ထပ်တိုးမြှင့်ရရှိမည်ဟု မျှော်မှန်းထားသည်။

သို့သော် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် မဲခေါင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ရေကာတာများ၏ သက်ရောက်မှုများကြောင့် ယင်းကဲ့သို့ အမြတ်ငွေတိုးမြှင့်ရရှိရန် မသေချာသည့်အနာဂတ်နှင့် ရင်ဆိုင်နေရ သည်။

နိုင်ငံ၏ဒူးရင်းသီးခူးဆွတ်မှု၏ ထက်ဝက်နီးပါးသည် မဲခေါင်မြစ်ဝှမ်းမှဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ရာသီဥတုပုံစံပြောင်းလဲမှုနှင့် ပိုမိုးဆိုးရွားသော ဆားငံရေများ ကျူးကျော် ဝင်ရောက်မှုတို့သည် ယင်းဒေသရှိ ဒူးရင်းခြံများကို ခြိမ်းခြောက်လျက်ရှိသည်။

“ဒူးရင်းခြံအတွက် အခက်အခဲတွေ ပိုများလာပါတယ်” ဟု ဒူးရင်းခြံ စိုက်တောင်သူ ထရန်ဗန်နာဟီရာက ဆိုသည်။

နာဟီရာသည် မဲခေါင်မြစ်ကမ်းပါးတစ်လျှောက်ရှိ နိုင်ငံတောင်ပိုင်း တီရန်ဂျီရန်ပြည်နယ်၌ ဒူးရင်းသီးစိုက်ပျိုးရန် လွန်ခဲ့သည့်နှစ် ၂ဝကျော်က ထိုင်းနိုင်ငံမှ ဒူးရင်းသီးပင်များကို မွန်သောင်သို့ ပထမဆုံးတင်ပို့သူများတွင် အပါအဝင်ဖြစ်သည်။ထိုဒေသသည် လက်ရှိတွင် ဗီယက်နမ်၏ ဒူးရင်းသီးစိုက်ပျိုးရာ အဓိက အချက်အချာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

နာဟီရာသည် ဒူးရင်းသီးစိုက်ပျိုးရန် အကောင်းဆုံးနည်းစနစ်များကို ရှာဖွေရန်နှင့်မျှဝေရန် တက္ကသိုလ် ပါမောက္ခများနှင့် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များနှင့်အတူ တွဲဖက်လုပ်ဆောင်ခဲ့သည်။

“ဒူးရင်းသီးစိုက်ပျိုးမှုမှာ အကြီးဆုံး ခြိမ်းခြောက်မှုကတော့ ဆားငံရေ ဖြစ်ပါတယ်။ဒူးရင်းပင်တွေဟာ ဆား ငံရေးကို ခံနိုင်ရည်အတော်လေး အားနည်းပါတယ်”ဟု ၎င်းက ဆိုသည်။

နာဟီရာကဲ့သို့ တောင်သူများသည် မဲခေါင်မြစ်၏ မြစ်ညာတွင် တည်ဆောက်ထားသော ရေအား လျှပ်စစ် ရေကာတာ၏ အကျိုးသက်ရောက်မှုများကို ခံစားနေရသည်။ထိုရေကာတာသည် ရေပမာဏ အများအပြားကို သိုလှောင်သည့်အတွက် တောင်သူများ ဒူးရင်းသီးစိုက်ပျိုးသည့် ရေစုန်တွင် ရေစီးဆင်းမှုနှုန်း ပိုမိုလျော့ကျ လာသည့်အတွက် ဖြစ်သည်။

ထို့ကြောင့် ဆားငံရေသည် မဲခေါင်မြစ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ စီးဝင်လာခဲ့သည်။ယင်းနောက် ထိုရေများ သည်အထူးသဖြင့် ခြောက်သွေ့သော ရာသီများတွင် ဒူးရင်းပင်များအတွက် အလွန်ဆားငံမှုကို ဖြစ်ပေါ် စေသည်။

“တရုတ်၊ ထိုင်းနဲ့လာအိုနိုင်ငံတွေမှာ မြစ်ညာရေလှောင်ကန်တွေနဲ့ ရေကာတာတွေကြောင့် မဲခေါင် မြစ်ဝှမ်းအောက်ဘက်ကို ရေစီးဆင်းမှုက အခုနှစ်ထဲ သိသိသာသာကျ ဆင်းလာခဲ့ပါတယ်” ဟု ဗီယက်နမ် တောင်ပိုင်းရေအရင်းအမြစ်ဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာထရန် ဘာဟောင်အန်းက ဆိုသည်။

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်အတွင်း ဆားငံရေ ကျူးကျော်ဝင်ရောက်မှုသည် ပုံမှန် ထက်ပိုမိုဆိုးရွားလာသည်ဟု ၎င်းက ပြောကြားခဲ့သည်။

                                            Ref:AFP

Most Read

Most Recent