■ ၂၀၂၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံရှိ Puskas Arena ၌ ကျင်းပမည်     

■ ၂၀၂၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံရှိ Puskas Arena ၌ ကျင်းပမည်     
Photo: UEFA
Photo: UEFA
Published 24 May 2024

၂၀၂၅-၂၀၂၆ ရာသီ ချန်ပီယံ လိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့ရှိ Puskas Arena ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က  မေ (၂၂) ရက်တွင် အတည်ပြုကြေညာခဲ့သည်။

    

Puskas Arena ကွင်းမှာ ပရိသတ် (၆၇၂၁၅) ဦး ဝင်ဆံ့သည့် ကွင်းတစ်ကွင်းဖြစ်ပြီး ဟန်ဂေရီလက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ် များကို အိမ်ကွင်းအဖြစ် အဓိကအသုံးပြုနေသည့် ကွင်းလည်းဖြစ်သည်။  

ယင်းကွင်းတွင် ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စုပွဲစဉ် သုံးပွဲနှင့် (၁၆) သင်းအဆင့်တစ်ပွဲ၊ ၂၀၂၂-၂၀၂၃ ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း လက်ခံ ကျင်းပခဲ့ဖူးသည်။ 

UEFA အနေဖြင့် ၂၀၂၆-၂၀၂၇ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်ခံကျင်းပမည့်ကွင်းကို ကြေညာရန် စက်တင်ဘာအထိ ရွှေ့ဆိုင်းထားပြီး အီတလီနိုင်ငံ၊ မီလန်မြို့ ရှိ ဆန်စီရိုကွင်း ပြင်ဆင်မည့် အခြေအနေကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။ 

၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တူရကီနိုင်ငံ၊ အစ္စတန် ဘူလ်မြို့ရှိ Besiktas Park ကွင်း၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent