ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် (ဒုတိယအကျော့) ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် (ဒုတိယအကျော့) ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 March 2024

မန်စီးတီး - ကိုပင်ဟေဂင် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

မန်စီးတီးအသင်းက ရာနှုန်းပြည့် ကွာတားဖိုင်နယ်တက် သွားပြီဆိုတဲ့ အခြေအနေကို ဖန်တီးခဲ့ပြီးပါပြီ။ အလွန်အကျူး ပေါ့ပေါ့ဆဆ မလုပ်ခဲ့ရင်ဆိုတာလောက်ပဲ တွေးစရာကျန်ပေ မယ့် အမှားကျူးလွန်ရင်တောင် ဒီအဆင့်က လှည့်ပြန်စရာမရှိ ဘူး။ ဒီအဆင့်ကနေ ကျော်ဖို့ ပြတ်ပြတ်သားသား လုပ်စရာရှိ တာကို လုပ်ထားခဲ့ခြင်းဟာ ပရီးမီးယားလိဂ်မှာ ပိုအာရုံစိုက်ဖို့ သာဖြစ်တယ်လို့ ပြောရမှာဖြစ်သလို သာမန်ကစားပုံနဲ့လည်း ဒီ ပွဲကို ဂိုးပြတ်ထပ်သွင်းဖို့ မခက်ပါဘူး။ 

ရီးယဲလ်မက်ဒရစ် - လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

အဝေးကွင်းမှာ လိုက်ပ်ဇစ်ကို အနိုင်ယူပြီးတဲ့နောက် ဒီပွဲကနေ ကွာတားဖိုင်နယ်တက်လာမယ့် အသင်းကို ရွေးချယ်မှု က တစ်ခြမ်းတော့ စောင်းသွားပါပြီ။ ဒါပေမဲ့ ဒါဟာ ၈၀ ရာခိုင်နှုန်း၊ ၈၅ ရာခိုင်နှုန်းနဲ့ နောက်ဆုံး ၉၀ ရာခိုင်နှုန်းလို့သာ ပြောလို့ရ မယ်။ ၁၀၀ ရာခိုင်နှုန်းတော့မဟုတ်သေးဘူး။ လိုက်ပ်ဇစ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်နိုင်ခဲ့တာမှန်ပေမယ့် လိုက်ပ်ဇစ် ဘယ်လို ကစားခဲ့သလဲဆိုတာ အားလုံးသိသလို အန်ဆယ်လော့တီနဲ့ ရီးယဲလ်အသင်းကိုယ်တိုင်လည်း သိပါတယ်။ သူတို့အတွက် ဒီပွဲ မှာ သတိကြီးကြီးထားရမယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ နောက်ဆုံးမှာတော့ ရီးယဲလ်မက်ဒရစ်ပဲ နိုင်မှာပါ။ ဒါပေမဲ့ ဂိုး ပြတ်သွင်းပြီး ပြတ်ပြတ်သားသားအောင်ပွဲခံမယ်ဆိုတာမျိုးကိုတော့ မေ့ထားဖို့ လိုမယ်။ 

Most Read

Most Recent