■ အမေရိကန်တွင် အာဂျင်တီးနား ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်

■ အမေရိကန်တွင် အာဂျင်တီးနား ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်
Photo: Getty Images
Photo: Getty Images
Published 23 February 2024

အာဂျင်တီးနားလက်ရွေးစင်အသင်းသည် လာမည့်မတ်လအတွင်း၌ အမေရိကန်နိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

အာဂျင်တီးနားအသင်းသည် မူလက နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်တို့နှင့် ခြေစမ်းပွဲများကို တရုတ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခဲ့သည်။ 

သို့သော် တရုတ်တာဝန်ရှိသူများက ဖျက်သိမ်းခဲ့သည့်အတွက် အာဂျင်တီးနားအသင်းအနေဖြင့် အမေရိကန်တွင် ပြောင်းလဲကစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

အိုင်ဗရီကို့စ်အသင်းအစား အယ်လ်ဆာဗေးဒိုးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နိုင်ဂျီးရီးယားမှာမူ အပြောင်းအလဲမရှိကြောင်း သိရသည်။

Most Read

Most Recent