■ ကမ္ဘာ့ဘောလုံးလောကတွင် နောက်ဆုံး(၁၀)ရာသီအတွင်း အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံးအသင်းအဖြစ် မန်ယူအသင်း ရပ်တည်     

■ ကမ္ဘာ့ဘောလုံးလောကတွင် နောက်ဆုံး(၁၀)ရာသီအတွင်း အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံးအသင်းအဖြစ် မန်ယူအသင်း ရပ်တည်     
Photo: Getty Images
Photo: Getty Images
Published 23 February 2024

မန်ယူအသင်းသည် ကမ္ဘာ့ဘောလုံးလောကတွင် နောက်ဆုံး(၁၀)ရာသီအတွင်း အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ကြောင်း CIES က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

    

ဘောလုံးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် CIES က ကမ္ဘာတစ်လွှားမှ ကလပ်အသင်းများ၏ အပြောင်းအရွှေ့လှုပ်ရှားမှုများကို မှတ်တမ်းပြုစု၍ နောက်ဆုံး(၁၀)နှစ်အတွင်း အသားတင်အသုံးစရိတ်များကို ဖော်ပြခဲ့ရာ မန်ယူအသင်းသည် ယူရို(၁၃၄၈)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ 

အသားတင်အသုံးစရိတ်အများဆုံး ထိပ်ဆုံး(၁၀) သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၇)သင်းအထိ ပါဝင်ခဲ့ပြီး မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ နယူးကာဆယ်၊ စပါးနှင့် ဝက်စ်ဟမ်းတို့ဖြစ်သည်။ 

မန်ယူ၏နောက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ အသားတင်အသုံးစရိတ်မှာလည်း ယူရို(၁၀၄၂)သန်းရှိခဲ့ပြီး ၎င်းတို့ နှစ်သင်းသာ ယူရို(၁)ဘီလီယံအထက် သုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။ ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် ပါဝင်သည့် ပရီးမီးယားလိဂ်မှမဟုတ်သော အသင်းများမှာ PSG၊ ဘာစီလိုနာနှင့် အေ စီမီလန်တို့ဖြစ်သည်။

အပြောင်းအရွှေ့အတွက် အမြတ်ငွေအများဆုံးရရှိသည့်အသင်းအဖြစ် ဘင်ဖီကာအသင်းက ရပ်တည်ခဲ့ပြီး နောက်ဆုံး(၁၀)ရာသီအတွင်း ယူရို(၇၃၂)သန်း ရရှိခဲ့ခြင်းဖြစ်သည်။ 

၎င်း၏နောက်တွင် အေဂျက်စ်က ယူရို(၄၃၄)သန်း၊ မိုနာကိုက ယူရို(၄၂၁)သန်း၊ ဆာလ်ဇ်ဘာ့ဂ်က ယူရို(၄၀၅)သန်း၊ စပို့တင်းလစ္စဘွန်းက ယူရို(၃၈၀)သန်းဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။ 

အမြတ်ငွေအများဆုံးရရှိခဲ့သည့် ကလပ်အသင်း(၁၀)သင်းထဲတွင် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေနှင့် ဘွန်ဒစ်လီဂါမှအသင်းများ ပါဝင်ခြင်းမရှိဘဲ ပြင်သစ်လိဂ်မှအသင်းများသာ ပါဝင်ခဲ့သည်။ 

ရီးယဲလ်အသင်းသည် တန်ဖိုးကြီးကစားသမားခေါ်ယူမှုများ ပြုလုပ်လေ့ရှိသော်လည်း နောက်ဆုံး(၁၀)ရာသီအတွင်း အသားတင်အသုံးစရိတ်မှာမူ ယူရို(၃၂၄)သန်းသာရှိခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်း(၃၄၂ သန်း)ထက်ပင် အသုံးစရိတ်နည်းပါးခဲ့ကြောင်း သိရသည်။ 

■ နောက်ဆုံး(၁၀)ရာသီအတွင်း အပြောင်းအရွှေ့ အသုံးစရိတ်အများဆုံး(၁၀)သင်း

ကလပ်အသင်း - အသုံးစရိတ်(ယူရို)

မန်ယူ - ၁၃၄၈ သန်း

ချယ်လ်ဆီး - ၁၀၄၂ သန်း

PSG - ၉၅၉ သန်း

အာဆင်နယ် - ၈၆၇ သန်း

မန်စီးတီး - ၈၆၂ သန်း

နယူးကာဆယ် - ၆၉၅ သန်း

ဘာစီလိုနာ - ၆၆၁ သန်း

စပါး - ၆၃၄ သန်း

အေစီမီလန် - ၅၆၁ သန်း

ဝက်စ်ဟမ်း - ၅၁၃ သန်း

Most Read

Most Recent