အီတလီ- စပိန် အားပြိုင်မှုနဲ့ ချန်ပီယံလိဂ်စစ်မျက်နှာ

အီတလီ- စပိန် အားပြိုင်မှုနဲ့ ချန်ပီယံလိဂ်စစ်မျက်နှာ
Photo: UEFA
Photo: UEFA
Published 19 February 2024
Wai Yan Aung

ဒီရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တွေထဲမှာ အင်အားချင်းအညီမျှဆုံး၊ အကြိတ်အနယ်အရှိနိုင်ဆုံးလို့ သတ်မှတ်ရမယ့်ပွဲစဉ်တွေက နာပိုလီနဲ့ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ အက်သလက်တီကိုတို့ရဲ့ ဆုံတွေ့မှုတွေပါပဲ။ တခြားပွဲတွေက အသင်းကြီးနဲ့ အသင်းငယ်၊ ရေပန်းစားတဲ့အသင်းနဲ့ အောက်အသင်းဆုံတွေ့မှုတွေမျိုး ဖြစ်ခဲ့တာကြောင့်ပါ။ ပြီးခဲ့တဲ့တစ်ပတ် ယှဉ်ပြိုင်ကစားခဲ့တဲ့(၄)ပွဲမှာ လာဇီယိုက ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့သလိုမျိုး မထင်မှတ်တဲ့ရလဒ် ထွက်ပေါ် မှုရှိခဲ့ပေမဲ့ ကျန်ပွဲတွေမှာတော့ အသင်းကြီးတွေပဲ အနိုင်ရခဲ့ပါတယ်။

 

Most Read

Most Recent