ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်
Published 18 February 2024

ဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့်International School များတွင် ပုဂ္ဂလိက ပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ် မနေ သင်ကြားကြရမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာညွန့်ဖေက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေ သည် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခ ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာ ရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြ သော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော် ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန် ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိ ယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးဝန်ကြီးဌာနရှိ အခြေခံ ပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာ ကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူး များသည် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒေသ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ လုပ်ငန်းအဖွဲ့ များ ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများနှင့် International School များ တွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန် မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ် များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရ မည်ဖြစ်ကြောင်း၊ ခရိုင်ပညာ ရေးမှူးများအနေ ဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူစာရင်းများ၊ သင် ကြားသင်ယူနေမှုအခြေအနေနှင့် တည် ဆောက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ကြီး ကြပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့ ဒေသရှိ မိမိတို့တက္ကသိုလ် ရှိ ဆရာဆရာမများ ပညာရေးအရည်အသွေး မြှင့်တင်ပေးရန် သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးရန် လိုအပ်ကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်နေမှသာ အရည်အသွေး ရှိသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီ ညီညွတ်ညွတ် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး‌ ဒေါက်တာ ဇော်မြင့်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာများ၊ ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိကကျောင်းဆရာမှတ် ပုံတင်လက်မှတ်သင်တန်း ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့်လုပ် ငန်းစဉ်များနှင့် နွေရာသီတွင်အခြေခံစာတတ် မြောက်ရေးလုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင် ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေး နွေးပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အ ခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့ က ကဏ္ဍအလိုက် ပူး‌ပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများ၏ တင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent