■ တင်မ်ဘာ၊ ဒဏ်ရာနတ်ဆိုးနဲ့ စီးချင်းထိုးနေသူ

■ တင်မ်ဘာ၊ ဒဏ်ရာနတ်ဆိုးနဲ့ စီးချင်းထိုးနေသူ
Photo: Getty Images
Photo: Getty Images
Published 16 February 2024
AK

နယ်သာလန်ရဲ့အပြင်ဘက်မှာ စွန့်စားခန်းတွေဖွင့်မယ်လို့ တင်မ်ဘာ ခပ်ရဲရဲတွေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အမြွာညီအစ်ကိုနဲ့ ပထမဆုံး ခွဲခဲ့ရတယ်။ အရင်တုန်းကဆိုရင် တင်မ်ဘာတို့ အမြွှာညီအစ်ကိုက တစ်သင်းတည်း ကစားနေကျ၊ အသက်လေးနှစ်အရွယ်လောက်ကစလို့ သူတို့နှစ်ဦး တစ်သင်းတည်းကစားခဲ့တာပါပဲ။ တင်မ်ဘာသွားရာ တကောက်ကောက် ကွမ်တန် လိုက်ခဲ့တယ်။ အေဂျက်စ်ကနေ အာဆင်နယ်ပြောင်းချိန်မှာတော့ သူတို့နှစ်ဦးဝေးခဲ့ကြပါပြီ။ မွေးချင်းငါးဦးထဲ တင်မ်ဘာတို့ အမြွှာညီအစ်ကိုက သိပ်ပြီးနီးစပ်ခဲ့တယ်။ ဘဝရဲ့ အပြောင်းအလဲ၊ အချိုးအကွေတိုင်းမှာ လက်ချင်းမြဲခဲ့ကြတယ်။ စိတ်ချင်းတူညီစွာ ချီတက်၊ လောကဓံကို အတူရယ်မောခဲ့ကြပါတယ်။

 

Most Read

Most Recent