■ နိုင်ငံခြားသားကစားသမား တိုးလိုက်ခြင်းက MNL အတွက် အဖြေလား (၁)

■ နိုင်ငံခြားသားကစားသမား တိုးလိုက်ခြင်းက MNL အတွက် အဖြေလား (၁)
Photo: RUFC
Photo: RUFC
Published 14 February 2024
Aung Naing Aung

"ခုတ်ရာတခြား ရှရာတခြား"၊ "ယုန်တောင်ပြေး ခွေးမြောက်လိုက်"၊ "မရောင်ရာ ဆီလူး"ဆိုတဲ့ မြန်မာစကားပုံတွေ ကြားဖူးမှာပါ။ အနာတခြား ဆေးတခြား ဖြစ်နေပုံကို ရည်ရွယ်ဆိုလိုတဲ့ စကားပုံတွေပါ။ ဘာကြောင့် အဲဒီလို အလွဲလွဲအချော်ချော် ဖြစ်နေရသလဲဆိုတာကို သေချာပြန်သုံးသပ်မယ်ဆိုရင် ပရော်ဖက်ရှင်နယ် မဟုတ်လို့ပါပဲ။ ပရော်ဖက်ရှင်နယ်ဆိုတာ ကျွမ်းကျင်ပိုင်နိုင်မှု၊ တိကျသေချာ​သေသပ်မှု၊ ပြီးပြည့်စုံအောင် အဆုံးသတ်နိုင်မှု၊ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်နိုင်မှု စတာတွေကို ရည်ညွှန်းပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ နယ်ပယ်တွေမှာ Hero သွားလုပ်ချင်လို့မရပါဘူး။ လက်သမားဆရာကို ဆေးကုခိုင်းပြီး ဆရာဝန်လုပ်ခိုင်းလို့မရသလိုပါပဲ။

 

Most Read

Most Recent