မန်စီးတီးကို ဘယ်လိုရပ်တန့်မလဲ

မန်စီးတီးကို ဘယ်လိုရပ်တန့်မလဲ
Photo : Getty Images
Photo : Getty Images
Published 12 February 2024
AK

ဒီဘရိုင်းနားက ဂိုးဖန်တီးမှုတွေနဲ့ ပြန်လာတယ်၊ ဖိုဒန်က မက်ဆီလိုမျိုး မှော်ဝင်နေတယ်၊ အခု ဟာလန်းကသွင်းဂိုးတွေကို ပြန်လည်မျှားယူနိုင်ခဲ့တယ်။ ပြောကြည့်ပါဦး မန်စီးတီးကို ဘယ်လိုရပ်တန့်မလဲဆိုတာ။

ချန်ပီယံဆုအတွက် မန်စီးတီးဟာ သူတို့မာဂုဏ်ကို ထပ်ခါတလဲလဲ တည်ထောင်နေတယ်။ သူတို့ရဲ့တိုက်ပွဲအတွေ့အကြုံကောင်းတွေကို ဂါထာတစ်ခုလို ရွတ်ဖတ်နေတယ်။ ဒါပေမဲ့ ဟာလန်း ရဲ့သွင်းဂိုးတွေ မနိုးထရင် ပြီးပြည့်စုံမယ် မထင်ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီက ဟာလန်းအတွက် မင်္ဂလာအချိန်မဟုတ်ခဲ့ဘူး။ ခြေဖဝါးဒဏ်ရာကြောင့် ဟာလန်းရဲ့ မာန်တွေမမြင်ခဲ့ရဘူး။ သွင်းဂိုးတွေနဲ့ ၄၁၉ မိနစ် ဝေးကွာသွားတယ်။

 

Most Read

Most Recent