■ ချန်ပီယံပြေးလမ်းပေါ်က ပြိုင်မြင်းသုံးကောင်     

■ ချန်ပီယံပြေးလမ်းပေါ်က ပြိုင်မြင်းသုံးကောင်     
Photo: Goal.com
Photo: Goal.com
Published 9 February 2024
Wai Yan Aung

ဘောလုံးပွဲတွေရဲ့ အချက်အလက်မှတ်တမ်း တွေကို ပြုစုပေးနေတဲ့ နာမည်ကျော် Opta ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အပြီးမှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၁၅.၃%) လျော့ကျသွားတယ်လို့ ဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ဆဲဖြစ်ပေမဲ့ ဒုတိယနေရာက မန်စီးတီးထက် (၂)မှတ်သာ အသာရထားတဲ့အပြင် မန်စီးတီးအသင်းက တစ်ပွဲလျော့နေပါသေးတယ်။ ဒီတော့ လက်ကျန်ပွဲကိုသာ မန်စီးတီးအသင်းက အနိုင်ရခဲ့ရင် ပွဲတူအနေအထားမှာ မန်စီးတီးအသင်းက (၁)မှတ်အသာနဲ့ ဦးဆောင်နိုင်မှာပါ။