အင်္ဂလန်ဒါဘီအတွက် အနာဂတ်ကြယ်ပွင့်နှစ်ဦး

အင်္ဂလန်ဒါဘီအတွက် အနာဂတ်ကြယ်ပွင့်နှစ်ဦး
Photos: AFP
Photos: AFP
Published 7 February 2024
AK

ပြီးခဲ့တဲ့ကြားရက်က ပရီးမီးယားလိဂ်ပွဲတွေမှာ အင်္ဂလန်ဒါဘီအတွက် အနာဂတ်ကြယ်ပွင့် နှစ်ဦးကို မြင်တွေ့ခံစားလိုက်ရတယ်။ လီဗာပူးလ်က ဘရက်ဒလေနဲ့ မန်ယူက မိန်နူးတို့ပါပဲ။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပရိသတ်တွေရဲ့ရင်ထဲ အားကောင်းမောင်းသန် တိုးဝင်လာတယ်။  အာနိုးလ်ဆိုတာ ကမ္ဘာသိ နောက်ခံလူတစ်ဦး၊ အင်္ဂလန်သမိုင်းတစ်လျှောက် အကောင်းဆုံးညာနောက်ခံလူ ဆိုပြီးတင်စားခံရတယ်။ တိတိကျကျပြောရရင် သူ RB နဲ့ မတူဘူး၊ ညာနောက်ခံလူနဲ့မတူဘူး။ အာနိုးလ်ရဲ့ ဖန်တီးမှု အများစုဟာ Central Position တွေကနေလာတယ်။ EA Sports မှာလည်း အာနိုးလ်အကြောင်း ရည်ညွှန်းရာဂရပ်ဖစ်မှာ Central Area ကနေ အခွင့်အရေးတွေ ပိုရလာတဲ့အကြောင်း အထူးဖော်ပြထားတယ်။ အခုလို ထူးထူးခြားခြား အသွင်ပြောင်းလာတာ ဘာကြောင့်လဲ၊ ဘယ်သူ့ကြောင့်လဲဆိုတာ မေးနေစရာ လိုမယ်မထင်ဘူး။ ယာဂန်ကလော့ပ်ကြောင့်ပဲမဟုတ်လား။

 

Most Read

Most Recent