ပရီးမီးယားလိဂ်ရဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ဘာလို့ငြိမ်သက်ခဲ့လဲ

ပရီးမီးယားလိဂ်ရဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ဘာလို့ငြိမ်သက်ခဲ့လဲ
Photos: X
Photos: X
Published 6 February 2024
AK

ပရီးမီးယားလိဂ်ရဲ့၂၀၂၄ ဇန်နဝါရီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း (၁၀၀)ပဲရှိခဲ့တယ်။ ဟုတ်ရောဟုတ်ရဲ့လားဆိုပြီး မျက်လုံးပွတ် ကြည့်ရမယ့် ပမာဏမျိုးပဲ။ ပြီးခဲ့တဲ့နှစ်ကမှ ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့အသုံးစရိတ်က စံချိန်တင်ခဲ့တယ်မဟုတ်လား။ ပြီးခဲ့တဲ့နှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင် ၈၁၅ သန်းရှိလို့ အခုနှစ်နဲ့ နှိုင်းယှဉ် တဲ့အခါ ပေါင် ၇၁၅ သန်းပိုများနေတယ်။ ဘာလို့များ ပရီးမီးယားလိဂ်ရဲ့အသုံးစရိတ်ရုတ်တရက် ထိုးကျသွားတာလဲ။ ကိုဗစ်ကာလကိုထည့်မတွက်ဘဲ ပြန်ကြည့်တဲ့အခါ လက်ရှိဇန်နဝါရီအပြောင်းအရွှေ့အသုံးစရိတ်ထက် ပိုနည်းတာ ၂၀၁၁- ၁၂ ရာသီကပေါင်သန်း ၆၀ ပဲရှိဖူးတယ်။

 

Most Read

Most Recent