ချန်ပီယံပြေးလမ်းထက်က ဒါဘီစီးချင်းများ

ချန်ပီယံပြေးလမ်းထက်က ဒါဘီစီးချင်းများ
Photos: AFP
Photos: AFP
Published 3 February 2024
Phoe Thar

၂၀၂၄ ဇန်နဝါရီလကုန်လွန်ပြီးချိန်မှာတော့ ဥရောပဘောလုံးရပ်ဝန်းရဲ့ သက်ဆိုင်ရာပြိုင်ပွဲအလိုက်အားပြိုင်မှုတွေကလည်း အရှိန်အဟုန်ပိုမို ပြင်းထန်လာခဲ့ပါပြီ။ အထူးသဖြင့် ထိပ်တန်းလိဂ်အမှတ်ပေးပြိုင်ပွဲတွေမှာ ရာသီဝက်ကာလကို ကုန်လွန်ပြီးချိန်ဖြစ်လို့ ချန်ပီယံဆု၊ ဥရောပဝင်ခွင့်နဲ့ တန်းဆင်းဇုန်အားပြိုင်မှုအစရှိတဲ့ ကလပ်အသင်းကိုယ်စီရဲ့ မတူညီသော ရာသီကုန်မျှော်လင့်ချက်တွေအကြား ပွဲစဉ်တိုင်း၊ ရမှတ်တိုင်းက အရေးကြီးနေချိန်လို့ဆိုရမှာပါ။ ဒီအထဲမှာ ထိပ်တန်းအသင်းကြီးတွေရဲ့ အမှတ်ပေးချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက ဘောလုံးပရိသတ်တွေကို ရသပိုမိုပေးစွမ်းနိုင်ပြီး  ချန်ပီယံပြိုင်ဘက်အသင်းကြီး အချင်းချင်းထိပ်တိုက်တွေ့တဲ့ပွဲစဉ်တွေကလည်း အရေးပါတဲ့ အဆုံးအဖြတ်ပွဲတွေဖြစ်လာခဲ့ပါတယ်။ ဒီတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် စပိန်လာလီဂါနဲ့ အီတလီစီးရီးအေပွဲစဉ်တွေမှာ ဒီရာသီလာလီဂါ ချန်ပီယံနဲ့ စီးရီးအေချန်ပီယံဆုအတွက် အနည်းနဲ့ အများသက်ရောက်မှုကြီးမားနိုင်တဲ့ ပွဲစဉ် (၂)ပွဲပါဝင်နေပါတယ်။ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာက ဒီပွဲစဉ် (၂)ပွဲဟာ သမိုင်းအစဉ်အလာအရပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒါဘီပွဲစဉ်တွေဖြစ်နေပြီး စပိန်လာလီဂါမှာ ရီးယဲလ်မက်ဒရစ် - အက်သလက်တီကိုထိပ်တိုက်ဆုံတဲ့ မက်ဒရစ်ဒါဘီနဲ့ စီးရီးအေမှာတော့ အင်တာမီလန် - ဂျူဗင်တပ်စ် စီးချင်းတိုက်မယ့် အီတလီဒါဘီပွဲတွေကို ယှဉ်ပြိုင်ကစားသွားမှာပါ။

 

Most Read

Most Recent